မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Wednesday, October 10, 2012

မြန်မာအနေနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေး စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖန်တီးနေကြောင်း သမ္မတပြောကြား

မိသားစုအနုပညာအိမ် | Wednesday, October 10, 2012 | Best Blogger Tips


ရန်ကုန်- အောက်တိုဘာ

မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီးပွား
ရေး ၀န်းကျင်ကောင်းတစ်ခုကို ဖန် တီးနေ ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၉ရက်တွင် တောင်ကိုရီးယားနိုင်ငံ KOTRA ဌာနချုပ်ရုံး၌ ပြု လုပ်သော မြန်မာရင်းနှီးမြုပ်နှံမှုဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံအနေနှင့် ရရှိထားသောနိုင်ငံရေးဖြစ်ထွန်းမှု့များကို ပံ့ပိုး ကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီး
မြုပ်နှံ မှု့များနည်းပညာ အကူ အညီများလိုအပ်နေချိန်ဖြစ်ကြောင်းလည်း ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA)တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် ကမ္ဘာအင်အားကြီး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ အကြား တည်ရှိနေသည်ကို “မြန်မာနိုင်ငံသည် မဟာဗျုဟာမြောက် တည်နေရာဖြစ်သော ကမ္ဘာ့စီးပွားရေးအင် ဂျင်နှစ်ခုအကြားတွင် တည်ရှိနေကြောင်း” ရည်ညွှန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် အလားအလာကောင်းသော်လည်း ရင်းနှီးမြုပ်နှံမှု အားနည်းနေသေးသည့် စီးပွားရေး ကဏ္ဍများ ရှိနေသေးခြင်းက လည်း မြန်မာနိုင်ငံ၏စီးပွားရေးအနာဂတ်အတွက် အားသာချက် များဖြစ်
ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။


သတင်း
7Day News Journal
WEDNESDAY, OCTOBER 10, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ