မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Saturday, June 23, 2012

ကမ္ဘာပေါ်မှာ လက်ခုတ်သံ အကြာဆုံး ဒေါ်အောင်ဆန်း စုကြည် ၏ Oxford မိန့် ခွန်း (ရုပ်/သံ)

မိသားစုအနုပညာအိမ် | Saturday, June 23, 2012 | Best Blogger Tips

ဒီဓာတ်ပုံလေးကြည့်ပြီး ကြည်နှူးဝမ်းသာမိပါတယ်.

ကိုယ့်ခေါင်းဆောင်ကို လေးစားသမှုပြုတဲ့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အလေးထားမှု မြင်ကွင်းလေးပါ..။
ဗြိတိန်ဝန်ကြီးချုပ်က အမေစုကို ဝန်ကြီးချုပ်နေအိမ်မှာ နေ့လည်စာ တည်ခင်းဧည့်ခံပြီး နှင်းဆီပန်းခြံကို လမ်းလျှောက်ထွက်လာတဲ့ မြင်ကွင်းပါ..။
 ဗြိတိန်ဝန်ကြီးချုပ် ဆောင်းပေးတဲ့ ထီးကို သတိထားမိလို့ အမေစု ရယ်မောနေလေသလားပဲ.. ပကာသနမပါ ဟန်ဆောင်မှုမပါ.. အင်မတန် သဘာဝကျပြီး အေးချမ်းလှတဲ့ မြင်ကွင်းလေးပါ..။




မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အချိန်တွေ အများကြီးပေးပြီး နိုင်ငံခေါင်းဆောင် တဦးထက် မိတ်ဆွေရင်း တယောက်လို အမကြီးတဦးလို စောင့်ရှောက်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ရမှာပါ..။

ဒီဓာတ်ပုံတွေကို ကြည့်မိရင်းက နှစ်ပေါင်းများစွာ နေအိမ်အကျဉ်းချခံရ အသက်ဘေးမှ အကြိမ်ကြိမ်လုပ်ကြံ
ခံခဲ့ရပြီး လွတ်မြောက်လာရတဲ့ ဒီလို ပိန်ပိန်ပါးပါး ကမ္ဘာကျော် အမျိုးသမီးကြီးတဦးကို ညီမလေ...းတဦးလိုပါပဲ ဆိုပြီး အမြဲ ပြောဆိုကြတဲ့ ပြည်တွင်းက ခေါင်းဆောင်တွေ နှုတ်ဖျားက စကားထက် ရင်ထဲက စေတနာအမှန်
နဲ့ လက်တွဲ လုပ်ဆောင်ခဲ့ကြမယ်ဆိုရင် ဘယ်လောက်များ တိုင်းပြည်အတွက် အကျိုးရှိလေမလဲ ဆိုတဲ့ အတွေးလည်း ဝင်လာမိပါတယ်..။

အကြောက်တရားနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံရသူ ပြည်တွင်းက မြင်ကွင်း
တွေနဲ့ ယခု ဓာတ်ပုံပါ ဗြိတိန်ဝန်ကြီးချုပ်နဲ့ သူရဲ့ ပြည်သူတွေရဲ့ ရိုးစင်းလှတဲ့ မြင်ကွင်းတွေဟာ အတွေးပေါင်း
များစွာ ဖြစ်ပေါ်စေပါတယ်..။

၂၂ရက်နေ့က မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ ဇနီးတို့မှ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်..။

AP, Getty Images




သတင်း
ဒီမိုဝေယံ
SATURDAY, JUNE 23, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ