Bangladesh Cyber Army အဖွဲ့၏ Facebook စာမျက်နှာ
အစိုးရ၀က်ဘ်ဆိုက်အချို့နှင့် ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၄င်းအဖွဲ့နှစ်ခု၏ Facebook စာမျက်နှာများတွင် ဇွန်လ ၁၈ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ကြောင်း သိရှိရပါသည်။
Bangladesh Cyber Army အဖွဲ့မှ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ထားသည့် အစိုးရအဖွဲ့ အစည်းမှ ၀က်ဘ်ဆိုက်များမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ www.construc tion.gov.mm ၀က်ဘ်ဆိုက်၊ သစ်တောရေးရာ ၀န်ကြီးဌာန၏ www. myanmar teak.gov.mm ၀က်ဘ် ဆိုက်များနှင့် အခြားဆိုက်များ

ဖြစ် သည့် www.myanmar.gov.mm, www.myancoop.gov.mm, www.csostat.gov.mm,ww w.moai.gov.mm စသည့်ဝက်ဘ် ဆိုက်များလည်း ပါဝင်သည်။ ပြည်တွင်းရှိ ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် ပုဂ္ဂလိက ၀က်ဘ်ဆိုက် ပေါင်း ၃၀ ကျော်ရှိ ပြီး ၄င်းဆိုက်များတွင် ခရီးသွား ကုမ္ပဏီအချို့၏ ၀က်ဆိုက်များ၊ မန္တလေး ဆေးတက္ကသိုလ် ၏ www. ummdy.org ၀က်ဘ်ဆိုက်၊ ပြည်တွင်းရှိ နာမည်ကြီးဟိုတယ်များ၏ ၀က်ဘ်ဆိုက်များဖြစ်သည့် http://baganhotelriverview.com/, http://royal-ayeyarwaddy.com/ စသည့် ၀က်ဘ်ဆိုက်များ လည်း ပါဝင် ကြောင်းသိရသည်။
ထို့အတူ Bangladesh Black HAT Hackers အဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (http://www.cbm
ထို့အတူ Bangladesh Black HAT Hackers အဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (http://www.cbm
.gov.mm) ကို တိုက်ခိုက်လိုက်ကြောင်း ၄င်းတို့၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပါသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာန ၏ ၀က်ဆိုက်http://www.passport.gov.mm နှင့် အကောက်ခွန်ဦးစီးဌာန၏ ၀ဘ်ဆိုက် http://myanmarcustoms.gov.mm တို့ကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ Hacker အဖွဲ့၏ Facebook တွင် ဖေါ်ပြထားပါသည်။
အဆိုပါ ဆိုက်ဘာတိုက်ခိုက် မှုများနှင့်ပတ်သတ်၍ “အင်တာနက်မှာ DDOs (Distributed Denial of service ) နဲ့ တိုက်တာတွေကတော့ အမြဲလိုလိုရှိပါတယ်။ မကျေနပ်တဲ့သူတွေက သူတို့ရဲ့မကျေနပ်ချက်
အဆိုပါ ဆိုက်ဘာတိုက်ခိုက် မှုများနှင့်ပတ်သတ်၍ “အင်တာနက်မှာ DDOs (Distributed Denial of service ) နဲ့ တိုက်တာတွေကတော့ အမြဲလိုလိုရှိပါတယ်။ မကျေနပ်တဲ့သူတွေက သူတို့ရဲ့မကျေနပ်ချက်
တွေကို အဲလိုနည်း နဲ့ ဖော်ထုတ်ကြတယ်။ ဘာမှ ထူးခြားတာလဲ မဟုတ်သလို ဘယ်သူ့အတွက်မှလည်း အကျိုး မရှိပါဘူး။ ကျွန်တော်တို့ဘက်က ဒီလို အတိုက် မခံရအောင် ဆိုက်လုံခြုံရေး အပိုင်းကို အမြဲဂရုစိုက်
ရမယ်။ပြီးရင် DDOs ကိုခုခံနိုင်တဲ့ Router မျိုးတွေပိုပြီးများများ သုံးရမယ်။ ဟိုး ၂၀၁၀ တုန်းက DDOs တစ်ခါဖြစ်ပြီး ကတည်းကတော့ DDOs ခံနိုင်တဲ့ Router တွေနဲ့ DDOs ခံနိုင်အောင် Network ပုံစံတွေ
ပြောင်းထားသေးတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး ထင်တယ်။ Bandwidth ကလည်း နည်းနေသေး
တာကိုး။ အတိုက်ခံတဲ့ ဆိုက်အများစုက လုံခြုံရေးအား နည်းတာရယ်။ တစ်ချို့ဆိုက်တွေက ဗိုင်းရပ်စ်ရှိတာ
ကြောင့်ပါ။ လုံခြုံရေး အပိုင်းကို ဂရုစိုက်သင့်ပါတယ်” ဟု Internet Society Myanmar Chapter အဖွဲ့မှ ကိုရာဗီက ပြောကြားသည်။
သတင်း
Eleven Media Group
Tuesday, Jun 19, 2012
သတင်း
Eleven Media Group
Tuesday, Jun 19, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ