မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Tuesday, June 19, 2012

ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး နှင့် ပတ်သက်၍ ဇူလိုင်လ တွင် စောင့်ကြည့်ရန် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ပြောကြား

မိသားစုအနုပညာအိမ် | Tuesday, June 19, 2012 | Best Blogger Tips

ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဇူလိုင်လတွင် စောင့်ကြည့်ရန် စက်မှုဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပခဲ့သည့် အော်စလိုညီလာခံ ပြင်ပ
တွင် ဇွန်လ ၁၈ ရက်နေ့ က အေအက်ဖ်ပီ သတင်းဌာန သို့ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း က သမ္မတ ဦးသိန်းစိန် အစိုးရ သည်လည်း ဒေါ်အောင်ဆန်းစုကြည် နည်း တူ ဒီမိုကရေစီရေး ဆုံးဖြတ် ဆောင်ရွက်နေ ပါကြောင်း၊ ဆောင်ရွက်ပုံ ကွဲပြား သော်လည်း ဦးတည်ချက် တူညီပါကြောင်း၊ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပခရီးစဉ်အတွင်း သူရဲကောင်းတစ်ဦးကို ကြိုဆိုသလို ကြိုဆိုနေ
မှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက “ဒီအတွက် ကျွန်တော့်အနေ နဲ့ ဂုဏ် ယူပါတယ်။ သူ့(ဒေါ်အောင်ဆန်းစုကြည်) အတွက်လည်း ဂုဏ်ယူ ပါတယ်။ ဥရောပ မှာ မြန်မာအမျိုးသမီး တစ်ဦးကို အခုလိုကြိုဆိုမှုဟာ ကောင်းတဲ့ အရာတစ်ခုပါ”ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေး နိုဗယ်ဆု အတွက် နိုဗယ် မိန့်ခွန်း ကို ဇွန်လ ၁၆ ရက်နေ့က ပြောကြား ခဲ့ပြီး မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ရှိနေ
သေးကြောင်း၊ ယခုဒီနေရာကနေ သူ ပြောရခြင်းသည်လည်းသူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့
ရတာ ကြောင့်ဖြစ်ကြောင်း၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျသူ တစ်ယောက်ဆိုရင်ပဲ တစ်ယောက်ဆို သလောက် များနေပြီဖြစ်ကြောင်း၊ မလွတ်သေး သူများ အမြန်ဆုံး လွတ်မြောက်လာရန်လည်း တတ်နိုင်သမျှ လုပ်ဆောင်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်နှင့် စပ် လျဉ်း၍
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အေအက်ဖ်ပီသတင်း ဌာနက မေးမြန်းခဲ့ရာ ပြည်ထောင်စု ၀န်ကြီးက “ဇူလိုင်လကို စောင့်ကြည့်သင့်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဆုံးဖြတ်ချက်ချ
သူ မဟုတ်ပါဘူး”ဟု   ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ၎င်းက အစိုးရအနေဖြင့် အမှုတွဲများကို ပြန်လည်ဆန်း စစ်နေကြောင်း၊ ကျန်ရှိသူများကို လွှတ်ပေးရန် မိမိတို့တွင် စိတ်ကူးရှိ ပါကြောင်း၊ စိတ်ကူးဖြစ်ပါကြောင်း၊ အမိန့် မဟုတ်ပါကြောင်း၊ ဒီလုပ်ငန်းစဉ်ကို
ဆောင်ရွက်နေပါကြောင်း လည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အရပ်သား အစိုးရသစ် တက်လာပြီး တစ်နှစ်တာကာလအတွင်း နိုင်ငံရေးအကျဉ်းသား
နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း၊ ဇန်န၀ါ ရီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်
နှစ်ကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းမှာ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေး တွင် အားလုံးပါဝင်ခွင့်ရရှိရေးအ တွက် ရည်ရွယ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု
လွှတ်တော်၌ မတ်လ ၁ ရက်နေ့ က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာနတွင် ပြုလုပ်ခဲ့သော လွတ်ငြိမ်း ချမ်းသာ
ခွင့်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး ကိုကိုက ပြည်တွင်းပြည် ပ အဖွဲ့အစည်း အသင်းအဖွဲ့အချို့မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျ
ခံနေရသည် ဆိုသူများအား လွှတ်ပေးရန် အမည်စာရင်းများ အသီးသီး ပေးပို့တင်ပြ တောင်းဆိုခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ စိစစ်တင်ပြထားသော အင်အား ၆၀၄ ဦးစာရင်းအား စိစစ်၍ လွှတ် ပေး
ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့ရာတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် စာရင်းထဲတွင် ပါဝင် သူ အားလုံး မလွတ် သေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ထုတ်ဖော်ပြောကြားထားသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးသည် မြန်မာအစိုးရ ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်
မှု၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တွင် အရေးကြီးသည့် ခြေလှမ်းများဖြစ်သဖြင့် ယင်းကဲ့သို့ ထောင်များ
တွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး ထပ်မံလွှတ်ပေးရေးကိုလည်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ နိုင်ငံများက
တောင်းဆိုထားကြသည်။


သတင်း
Eleven Media Group
Tuesday, Jun 19, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ