မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Wednesday, June 20, 2012

လူငယ်တွေ နိုင်ငံရေး လုပ်သင့်ကြောင်း ဒေါက်တာ အောင်ထွန်းသက် ပြော ( ရုပ်သံ-သတင်း )

မိသားစုအနုပညာအိမ် | Wednesday, June 20, 2012 | Best Blogger Tips


မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ပွင့်လင်း မြင်သာမှုတွေ ရှိလာတာနဲ့ အမျှ လူငယ်တွေအနေနဲ့ နိုင်ငံရေးလုပ်သင့်
သလို နိုင်ငံ့အရေးမှာပါဝင်သင့်ကြောင်းစီးပွားရေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြော
ဆို လိုက်ပါတယ်။ နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ လူငယ်တွေကို မွေးထုတ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့ IBC ခန်းမမှာ ဇွန်လ ၁၉ ရက်နေ့ က ပြုလုပ်တဲ့ Peace , Democracy and Development Program ဆိုတဲ့ သင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်ပွဲမှာ သူက ပြောဆို သွားတာပါ။
Myanmar Development Resources Institute (MDRI)နဲ့ Centre for Strategic and International Studies (CSIS)တို့ ပူးပေါင်းစီစဉ် ကျင်းပတဲ့ ဒီသင်တန်းမှာ CSIS ရဲ့Project Director လည်းဖြစ် စီးပွားရေး ပါမောက္ခလည်းဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းသက် အပါအဝင် နိုင်ငံတော် သမ္မတ အကြံပေး ဦးကိုကိုလှိုင်
၊ ဒေါက်တာ နေဇင်လက်၊ Myanmar Human Resources (MHR)မှ ကျောင်းအုပ်ဆရာကြီး ဦးအေးကျော်နဲ့ အခြား ပါမောက္ခဆရာတွေလည်း ပါဝင် သင်ကြားပေးမှာဖြစ်ပြီး တစ်ပတ်ကို ၅ ရက် ၂ လကြာ အခမဲ့ သင်ကြားပေးမှာ ဖြစ်သလို သင်တန်း ပြီးဆုံးပါက သင်တန်းဆင်း လက်မှတ်တွေကိုလည်း ထုတ်ပေးသွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။
( ရုပ်သံ-သတင်း )


ရုပ်သံ-သတင်း
BURMA VJ MEDIA
Wednesday, Jun 20, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ