မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Wednesday, June 20, 2012

ကချင် ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေးစခန်းများ၌ လူဦးရေ ဆက်လက်မြင့်တက်နေပြီး ငှက်ဖျားနှင့် ၀မ်းပျက်ဝမ်းလျော ရောဂါများအား စိုးရိမ်ရသည့် အနေအထားတွင် ရှိနေ

မိသားစုအနုပညာအိမ် | Wednesday, June 20, 2012 | Best Blogger Tips

ဝိုင်းမော်မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်

ကချင်ပြည်နယ်အတွင်းရှိကယ် ဆယ်ရေးစခန်းများ၌ လူဦးရေတိုး တက်လာနေသည့်အပြင် ငှက်ဖျား၊ ၀မ်းပျက်ဝမ်းလျော ရောဂါများအား စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သတင်းရရှိပါသည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများရှိနေ ကာကယ်ဆယ်ရေးစခန်းများ၌ အမိုး
အကာ မလုံခြုံမှုများ၊ စခန်းနှင့်လူဦးရေ မမျှတမှုများ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း၊ အိမ်သာ
လုံလောက်မှု မရှိခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်မှု နည်းပါးခြင်း စသည်တို့ကို ကြုံတွေ့နေရ
သည်ဟု သိရှိရသည်။

''လူတွေက စုနေကြရတော့ ကူးစက်ရောဂါကတော့ ဖြစ်လွယ် တာပေါ့။ ၀မ်းပျက်ဝမ်းလျောအဖြစ် များလာ
တယ်။ တောထဲမှာနေရတဲ့ အပြင် ဆေးဝါးက ရဖို့မလွယ်ဘူး။ သေတာတွေလည်းပဲ ကျွန်တော်သိသလောက်
တော့ တချို့စခန်းတွေမှာ နေ့စဉ်နဲ့အမျရှိတယ်လို့တောင် ပြော နိုင်တယ်''ဟု ကယ်ဆယ်ရေးစခန်းများသို့
သွားရောက်ခဲ့သူ ဖားကန့်မြို့ နယ်မှ ကိုဇော်မိုးထက် က ပြောပြပါ သည်။

ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်ခဲ့ပြီး အဆိုပါတိုက်ပွဲများသည် ဗန်းမော်ခရိုင်အတွင်း၌ စတင်ခဲ့သည်။ ထို့နောက် 
မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်များအထိ ရောက်ရှိခဲ့ကာ ယင်းကာလမှ စတင်၍ ဒေသခံ တိုင်းရင်းသားများ
သည် မိမိတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာကာ မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများ၊ သာသနိက အဆောက်အအုံများ၊ တောတွင်းကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေထိုင်မှုများ ရှိလာခဲ့သည်။

''အခုလူဦးရေက များလာတယ်။ စခန်းနဲ့ လူနဲ့မမျှတာတွေ အများကြီးပဲ။ အစားအသောက်ကလည်း ခက်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်းခက်၊ တစ်ခုခုဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မှုကရဖို့ခက်တယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ ပိုဆိုးတယ်။ အခု ၀မ်းရောဂါက စိုးရိမ်ရသလို ငှက်ဖျား
ဆိုတာကလည်း နဂိုကတည်းကပေါတော့ စိုးရိမ်စရာ အခြေအနေမှာ ရှိပါတယ်''ဟု ကချင်ပြည်နယ်တွင်းရှိ 
ကယ်ဆယ်ရေးစခန်းများနှင့် ချိတ်ဆက်လျက် လူမှုကူညီရေးဆောင်ရွက်နေသည့် ကချင်တိုင်းရင်းသူတစ်ဦး
က ပြောပြသည်။

၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဇွန်လဆန်းအထိ တစ်နှစ်တာ ကာလအတွင်း တပ်မတော်နှင့် ကေအိုင်အေ
အဖွဲ့တို့အကြား တိုက်ပွဲများ အကြိမ် ၂၀၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူ
ဦးရေ မြင့်တက်လာခဲ့သည်။ စစ်ရှောင်သူဦးရေသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၅၀၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင်မူ လူဦးရေ မြင့်တက်လာခဲ့ကာ လက်ရှိ၌ လူဦးရေ ၈၀၀၀၀ ကျော် တစ်သိန်းဝန်းကျင်မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်။



သတင်း
Eleven Media Group
Wednesday, Jun 20, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ