မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Monday, June 4, 2012

ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်မှာ လျှပ်ပြေးယာဉ် ငှားရမ်းခွင့် ပိတ်ပင်ခဲ့တဲ့ ဦးဘဂျမ်း(ခေါ်)ဦးလှသန်း အကြောင်း တစေ့တစောင်း (ပေးစာ)

မိသားစုအနုပညာအိမ် | Monday, June 04, 2012 | Best Blogger Tips

မြိတ်မြို့၏ မြို့မျက်နှာဖုံးလော အာလီဘာဘာလော
(တိုင်ကြားစာ) 

 တခါတုန်းက ကျားကြီးအော်ကျေးရွာမှာ နေတဲ့ ဘိတ်သားလေး တယောက်ရှိသတဲ့။ အဲဒီကောင်လေးဟာ အလယ်တန်း ကျောင်းသား ဘ၀ မှာ မြို့မှာ အဆင်မပြေလို့ ဆိုပြီး တောဆင်းကာ စီ;ပွားရှာသတဲ့။ ဘယ်လို စီးပွားရှာသလဲ ဆိုတော့ ရွာက ပိုက်လှေ ပုဇွန်လှေတွေ ဆီက ငါး၊ ပုဇွန်တွေ ၀ယ်ပြီး ယိုးဒယား နိုင်ငံကို ခိုးပြီးတော့ ပို့တယ်။ ယိုးဒယား ဘက် အပြန် မှာလည်း နိုင်ငံခြား ကုန်တွေ မတရား ခိုးတင်တာပေါ့။ ဒီလို လုပ်ရင်းနဲ့ တစတစ ချမ်းသာ လာလိုက်တာ ဟော အခုတော့ မြိတ်မြို့ရဲ့အချမ်းသာဆုံး လူ၊ မြို့ရဲ့ကျက်
သရေဆောင် ဆိုပြီး ဖြစ်လာ တော့တာဘဲ။

 နောက်တော့ စက်ရုံကြီးတွေ ပိုင်ဆိုင် လာတယ်၊ ငါးဖမ်းလှေကြီးတွေ ၊ ငါးသယ်လှေကြီးတွေကလည်း အမြောက်အများ ပိုင်ဆိုင် လာတယ်။ ပင်လယ်ပြင်ကြီးတောင် မှ သူပိုင်သတဲ့။ ဟော အခုတော့ ဘယ်က ရမှန်း မသိတဲ့ ငွေကြေးတွေ နှင့် ကုန်တိုက် နှစ်လုံး တောင် ပိုင်ဆိုင်လာတယ်။ 

အဲဒီကုန်တိုက် မှာ ရောင်းနေတဲ့ ကုန်တွေက အခွန်ဆောင်ပြီး ရောင်းနေတယ်လို့ မထင်နှင့်၊ မတရားခိုးသွင်း
ပြီး ရောင်းနေတာ၊ ဒီကြားထဲ တနင်္သာရီတိုင်း တတိုင်းလုံး ရဲ့ သစ်တောတွေ လည်း သူ့လက်ချက်နဲ့ ကုန်
သလောက် ဖြစ်နေပြီ။ အဲဒီလို ကိုယ့်ဒေသ ကိုတောင် ကောင်းကျိုးမပြုတဲ့ လူကို နိုင်ငံတော် အစိုးရအနေဖြင့် ဆက်လက် ထားသင့် မထားသင့် စဉ်းစား ကြည့်ပေါ့။ စစ်ဆေး ကြည့်ပေါ့။

 ရွေးကောက်ပွဲ ကာလတုန်း ကလည်း သူပိုင်တဲ့ စက်ရုံက အလုပ်သမားတွေ ကို ကြံ့ဖွံထဲ မဲထည့်၊ အတင်း အကြပ်၊ အကြပ်ကိုင် စည်းရုံး မဲထည့်ခိုင်း ခဲ့သေးတယ်။ အဲဒီလောက် ဆိုးသွမ်းတဲ့ သူက ဘယ်သူလဲ ???
ပြည်ဖြိုးထွန်း ကုမ္ပဏီ ရဲ့ပိုင်ရှင် ဘဂျမ်း ( ခေါ်) မောင်လှသန်း ဖြစ်ပါတယ်။ 

မနေ့ တနေ့က လုပ်တဲ့အစည်း အဝေး တခုမှာ ငါးလုပ်ငန်း အဖွဲ့ရုံး ဆောက်ဖို့ အတွက် နောက်လာမည့် ငါးဖမ်းရာသီ ပြန်ဖွင့်ချိန် ဆိုရင်တော့ လှေ တစ်စီးကို တစ်သိန်း aကာက်ဖို့ ပြောနေပြန်ပါတယ်။ ငါးလုပ်ငန်း အဖွဲ့ရုံး ငါးထပ် aဆာက်မယ် ကုန်ကျစရိတ်က သိန်း(၂၅၀၀) တဲ့။ ဒါကြောင့်မို့ အဲဒီ လို စုန်းပြူးကြီးတွေကို သက်ဆိုင်ရာ မှ အရေးယူ ပေးဖို့ တောင်းဆို လိုက်ရကြောင်းပါ။

မြိတ်မြို့သား..


သတင်း
ဒီမိုဝေယံ
Monday, 04 June 2012


No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ