မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Monday, June 18, 2012

တိုင်းပြည်အတွက် လူထုတစ်ဦး ဆုံးရှုံးပြီ

မိသားစုအနုပညာအိမ် | Monday, June 18, 2012 | Best Blogger Tips


“လူထု” ဆိုရင် မသိသူ မရှိ။ စာပေ၊ နိုင်ငံနှင့်လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် ကောင်းကျိုး ရွက်ဆောင်သယ်ပိုးပေးခဲ့သည့် သတင်းစာဆရာကြီး လူထုစိန်ဝင်း အသက် (၇၁)နှစ်သည် ၁၇.၆.၂ဝ၁၂ (တနင်္ဂနွေနေ့) ည (၁၁း၃ဝ) နာရီအချိန်တွင် ရင်ကြပ်ဝေဒနာဖြင့် SSC ဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ ၁၈.၆.၂ဝ၁၂ (တနင်္လာနေ့) နံနက် (၁ဝးဝဝ) နာရီအချိန်တွင် SSC ဆေးရုံမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။
    ဈာပနအခမ်းအနားအား ၁၉.၆.၂ဝ၁၂ (အင်္ဂါနေ့) မွန်းလွဲ (၁းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/ခ)၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် လူထုဦးစိန်ဝင်း အား ခင်မင်လေးစားကြသည့် နယ်ပယ်အသီးသီးမှ ဆွေမျိုးမိတ်ဆွေ သင်္ဂဟများအားလုံးအတွက် အသိပေး နှိုးဆော်အပ်ပါသည်။ (မွန်းလွဲ (၂းဝဝ) နာရီအချိန်တွင် မီးသင်္ဂြိုလ်ပါမည်။)



သတင်း နှင့် ဓာတ်ပုံများ ပေးပို့လာသော နာရေးကူညီမှုအသင်း(ရန်ကုန်)
မှ စေတနာရှင် များအားလုံးကို အထူးကျေးဇူးတင်ပါသည်


သတင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)
Monday, Jun 18, 2012

1 comment :

  1. hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ