ကိုမင်းကိုနိုင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ STA မောင်နှများနှင့်
ကချင် စစ်ဘေးသင့် သားချင်းများ အတွက် ဂီတဖျော်ဖြေပွဲ
(ဓာတ်ပုံ -နေမျိုးဇင်)
ပန်းရဲ့လမ်း ကွန်ယက် နဲ့ အတူ စစ်ဘေး ငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲ မှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မျက်ရည် မဲ့ သီချင်းကို သီဆို ခဲ့ပါတယ်။
"ရန်ကင်း စင်တာရှေ့ ပန်းရဲ့လမ်း ကွန်ယက် နဲ့အတူ စစ်ဘေး ငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲ မှာ ဒီသီချင်း

လေးကို ကိုမင်းကိုနိုင် တို့ အရှေ့မှာ ဂုဏ်ပြု ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ် ကလည်း အားပါးတရ အားပေး လက်ခုပ်တီး ကြလို့ ကျနော် စိတ်အလွန် ကြည်နူး မိပါတယ်ခင်ဗျား" လို့ ကိုနေမျိုးဇင် က ဆိုပါတယ်။
တီးခတ် စီစဉ်သူ ဂီတမှူး ကိုဝင်းကျော် ။ တေးရေးဆရာ ကိုသားဖေထင်။ တေးဆို ဗိုလ်ကြီးဟောင်း နေမျိုးဇင်

တို့က ထုတ်ဖော်ပြောဆိုလာသော ရင်ခုန်သံကတော့ "အားလုံးလိုချင်သည်မှာ ငြိမ်းချမ်းရေး" ပါတဲ့။
သီချင်းလေးကို ခံစားနိုင်ကြမယ်လို့ ထင်ပါတယ်။
မျက်ရည် မဲ့သော အဖ မဲ့ သားသမီး လေးတွေ နောက်ထပ် ပေါ်မလာ စေဖို့ ပြည်တွင်း စစ်ကို ရပ်ကြဖို့ တိုက်တွန်းတောင်း ဆိုသည့် သီချင်းလေးဖြစ်ပါသည်။
"ဖခင်မဲ့ သွားတဲ့ ကလေး လေးတွေဘ၀ ကိုယ်ချင်းစာ တတ်ပါသလား ။ လမင်းလေး အလင်းပျောက်နေခိုက် အမှောင်မိုက် မှာ ငိုစရာမျက်ရည် မဲ့တဲ့ သားလေးတွေ ဘ၀၊ အမိမဲ့ အဖမဲ့ ဘာကြောင့်ဖြစ် ရတာလဲ။
ပြည်တွင်း စစ်မှာ စစ်ခင်းရင်း အသက်တွေ ပေးသွား ခဲ့ရတဲ့ အဖေတွေ အတွက် သားသမီး လေးတွေ နေရာ ကနေ စာနာ စိတ်နဲ့ ဒီသီချင်း လေးကို ဆိုမိပါတယ် လို့ ကိုနေမျိုးဇင် က ဆိုပါတယ်။
မျက်ရည် မဲ့သော သားသမီးလေးတွေ ဘ၀ မဖြစ်စေချင် ရင် အဖေဖြစ် သူတွေ တိုင်းရင်းသား ချင်း စစ်မခင်း

ပါနဲ့ တမြေတည်း သားချင်း မသတ် ဖြတ်ကြပါနဲ့။ ငြိမ်းချမ်းရေး ကို တည်ဆောက်ကြပါ။ ငြိမ်းချမ်းရေး ကို အမြန်ဆုံး တည်ဆောက် နှိုင်ကြပါစေ" ဗိုလ်ကြီးဟောင်း နေမျိုးဇင် က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
သတင်း-

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ