ကျောင်းသားများ စုပေါင်းပြီး "လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများ နှင့် ပတ်သက်၍ မေတ္တာရပ်ခံ
ကြေညာချက်" ကို ယနေ့ ( ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၆ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်
ရက်စွဲ ။ ၂ဝ၁၂ခုနှစ်၊ ဇွန်လ ( ၆ )ရက်
၁။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာ ကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု
စုံလင် စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။
၂။ ဘာသာရေး ကွဲပြားခြားနားမှု အပေါ် ပဋိပက္ခ အနည်းဆုံး နှင့် သည်းခံခြင်း တရားပြည့်ဝသော လူမှု
အဖွဲ့အစည်း ဖြစ်သည်။
၃။ မတရား ပြုကျင့် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့ မှာ တရားဥပဒေ
ကြောင်းအရ တရားမျှ တစွာ ဖြေရှင်း ရမည့်ကိစ္စများသာ ဖြစ်သည်။
၎။ ရခိုင်ပြည်နယ် မှ ပဋိပက္ခကို အခြေခံပြီး လူစု လူဝေးအလိုက် မငြိမ်သက်မှုများ၊ ပျံ့ပွား ကျယ်ပြန့်လာခြင်း
မရှိစေရန် ဝိုင်းဝန်း ကြိုးပမ်းကြ ရမည်ဟု ယုံကြည်သည်။
၅။ ထိုအခြေအနေ များသည် ကျွန်ုပ်တို့ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်များ ကို ရပ်တန့်
သွား စေနိုင်ပါသည်။
၆။ သို့ဖြစ်ပါ၍ လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူ
တကွ ယှဉ်တွဲ နေထိုင်နိုင်စေရန် သက်ဆိုင်ရာ ဘာသာ အသီးသီး မှ ဆရာတော်ကြီးများ၊ ဘာသာရေး
ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ နှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ
တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံး အနေဖြင့် မေတ္တာတရားကို အခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်
ပေးကြပါရန် ကျွန်ုပ်တို့ အားလုံး မှ အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။
သတင်း
The Voice Weekly
WEDNESDAY, JUNE 06, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ