တောကြီးတန်း အခမဲ့ ပညာဒါနကျောင်း
တွံတေးမြို့နယ် တောကြီးတန်းမှာရှိတဲ့ တက္ကသိုလ်ဝင်တန်း ဘာသာစုံ အခမဲ့ ပညာဒါနကျောင်းကို တွံတေးမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဆရာ ဆရာမတွေ စုပေါင်းပြီး ဇွန်လ ၁၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်နဲ့ ရပ်မိရပ်ဖ အလှူရှင်တွေ စုပေါင်း လှူဒါန်းတဲ့အတွက် တက္ကသိုလ်ဝင်တန်း ဘာသာစုံ အခမဲ့ ပညာဒါနကျောင်းကို ကျောင်းသား အယောက် ၁၇၀ ကျော် ၂၀၀ နီးပါးအထိ လက်ခံ သင်ကြားပေးနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
( ရုပ်သံ-သတင်း )
ရုပ်သံ-သတင်း
BURMA VJ MEDIA
Tuesday, Jun 19, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ