မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Tuesday, June 5, 2012

သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံနေရတဲ့ ရွာများ ( ရုပ်သံ-သတင်း )

မိသားစုအနုပညာအိမ် | Tuesday, June 05, 2012 | Best Blogger Tips

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာ အုပ်စု အတွင်းမှာရှိတဲ့ ကျောက်တိုင်
စိုက် စားကျက်မြေ ဒီရေကာတောတွေ ကို အရင် ရ.ဝ.တ ဥက္ကဌ ဦးမြစိုး က တဧက ကို ၄၅၀၀ ကျပ်နဲ့
ဧက ၂၀၀၀ ကျော်လောက် ရှိတဲ့ မြေပမာဏ ကို ဆိုင်းဘုတ်ထောင် ကြော်ငြာပြီး ရောင်းစား ခဲ့ပါတယ်။

အခု လက်ဝယ် ပိုင်ဆိုင်သူတွေကအဲဒီ ဒီရေတော တွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေ အနေနဲ့
ထွန်ယက်စိုက်ပျိုး နေကြတယ်လို့ သိရပါတယ်။ စားကျက်မြေ ဒီရေတောတွေ ပြုန်းတီးသွား တာကြောင့်
အနီးဝန်းကျင်မှာရှိ တဲ့ သပြုကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ မရမ်းကျေးရွာ အစရှိတဲ့ ရွာပေါင်း ၁၅ ရွာဟာ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြရပါတယ်။

သက်ဆိုင်ရာ အာဏာပိုင် တွေ အနေနဲ့ ကျန်ရှိ နေသေးတဲ့ ဒီရေတောတွေ ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် တဲ့ အနေနဲ့ ကာကွယ်ပေးဖို့ညောင်လိမ်ကုန်း ကျေးရွာက ရွာသ ရွာသားတွေက
တောင်းဆို နေကြပါတယ်။
( ရုပ်သံ-သတင်း )


ရုပ်သံ-သတင်း
BURMA VJ MEDIA
Tuesday, Jun 05, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ