မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Friday, June 29, 2012

တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မိသားစုအနုပညာအိမ် | Friday, June 29, 2012 | Best Blogger Tips

သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည် က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွား ခဲ့ပါတယ်။

AFP
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့ Sorbonne University တွင်ပြုလုပ်သော ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။

တိုင်းပြည်ကို ဦးဆောင်လုပ်ကိုင်သွားဖို့ အဆင်သင့် ပြင်ထားပါသ လားလို့ အေအက်ဖ်ပီိ သတင်းထောက် က မေးမြန်းတာကို ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ယုံကြည်တဲ့ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို ကိုယ့်ကိုယ်ကို တိုင်းပြည်ကို ဦးဆောင်သွား
နိုင် ဖို့ ပြင်ဆင်ထားရမှာ ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည် က ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဒီကိစ္စကိုပဲ အမြဲစဉ်စားပြီး လုပ်နေတာတော့ မဟုတ်ပါဘူးလို့လည်း ပြောကြားခဲ့ပါ တယ်။ ပစ္စုပ္ပန်မှာ လုပ်စရာရှိတဲ့ အကြောင်းကိစ္စတွေကိုပဲ အဓိက အာရုံထား လုပ်ကိုင်နေကြာင်း၊ ဒါပေ မယ့်လည်း ဒီပစ္စုပ္ပန်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေမှာပဲ ဖြစ်တယ် 
လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက်ဒီကနေ့ မြန်မာပြည်ကို ပြန်တော့
မှာ ဖြစ်ပါတယ်။


သတင်း
RFA
FRIDAY, JUNE 29, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ