]လှိုင်သာယာ လယ်သိမ်းခံလယ်သမားများ အရေး
အိုးအိမ်ဦးစီးဌာန ရုံးရှေ့မှ ဆန္ဒထုတ်ဖော် နေစဉ်
လယ်သမား အရေး ကူညီဆောင်ရွက်ပေးနေ သူ တဦးဖြစ်တဲ့ ဦးဝင်းချို ဦးဆောင်ပြီး ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာ ရှိတဲ့ အိုးအိမ် ဦးစီးဌာန ရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်
ခဲ့ပါတယ်။
လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်မြေနေရာအတွက် အတွင်းပဒံ၊ အပြင်ပဒံ ကျေးရွာတွေက လယ်သမား ၆၁ ဦးရဲ့ လယ်မြေဧက ၆၀၀ ကျော်ကို ၁၉၉၈ ခုနှစ်ကတည်းက သိမ်းယူခဲ့တာ ဖြစ်တဲ့အတွက် အခု အဲ့ဒီ လယ်မြေနေရာတွေကို ပြန်လည် ပိုင်ဆိုင်ခွင့်ရဖို့ တောင်းဆို မှု ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။
ပထမ အကြိမ် တုန်းကလဲ မေလ ၁၅ ရက်နေ့ ကတည်းက တောင်းဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပြီး တစုံတရာ အကြောင်းပြန်ကြား မှု မရှိတဲ့အတွက် အခု ထပ်မံပြီး မေလ အကုန်မှာ ဆန္ဒပြ တောင်းဆိုနေတာ
ဖြစ်ပါတယ်။ ဥပဒေ ဘောင်အတွင်း ကနေ ငါးယောက်အထက် ပိုမစုဘဲ တောင်းဆို နေတာဖြစ်ပြီး တကယ်လို့ အကြောင်းပြန်ကြား မှု မရှိဘူးဆိုရင်တော့ ရုံးဖွင့် ရက်တိုင်း မနက် ၉း၃၀ ကနေ ညနေ ၄း၃၀ အထိ ဆက်လက် တောင်းဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်တယ် လို့လဲ သိရှိရပါတယ်။
ရုပ်သံ-သတင်း
BURMA VJ MEDIA
Sunday, Jun 03, 2012
( ရုပ်သံ-သတင်း )
ရုပ်သံ-သတင်း
BURMA VJ MEDIA
Sunday, Jun 03, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ