မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Monday, June 18, 2012

အမေ သို့

မိသားစုအနုပညာအိမ် | Monday, June 18, 2012 | Best Blogger Tips

မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ မိခင်
တိုင်းရင်းသား ပြည်သူအားလုံး က ချစ်ခင်လေးစားတဲ့ အမေ
၁၇-၀၆-၂၀၁၂ ရက့် ညနေ့ အမေ့ ကို ကြိုဆိုပြီး ကိုယ်တိုင်
နှုတ်ဆက် ခွင့် ရဘို့အရေး ညနေ လေးနာရီကျော် ထဲက
ဟော်တယ် ရှေ့မှာ စောင့်နေတဲ့ သူတွေထဲ မနဲ တိုးပြီး နေရာ ရအောင် စောင့်ခဲ့ရတယ်

ည ၉ နာရီ ၅၀ လောက်အမေ ရောက်လာတယ် ဝမ်းသားလိုက်တာ အမေရယ်
အမေ့ရဲ့ လက်ကို ကိုယ်တိုင် လက်ဆွဲ နှုတ်ဆက်ခွင့် ရလိုက်တာ
ကျနော့် ဘဝ တသက်တာမှာ အပျော်ဆုံးနေ့ တနေ့ပါ အမေ
ကျနော်က ဒုက္ခိတ နားကလဲ မကြား မျက်စေ့ကလဲ တဘက်ထဲ မှုန်ဝါဝါး
ဒါပေမဲ့ အမေ ပြောလိုက်တဲ့ စကား ကျနော် ဘယ်ကနေ ကြားတာမှန်း တောင်မသိ ဖြစ်ခဲ့ ရပါတယ်။

( လက်တွေ အရမ်းအေးနေတာဘဲ ဘယ်အချိန်ထဲက လာစောင့်နေကြတာလဲ ) တဲ့

အမေ့ရဲ့ အမေးကို ကျနော် နားက ကြားတာတော့ မဟုတ်နှိုင်ဘူး
ကျနော် သိလိုက်တယ် အမေ့ နှလုံးသားထဲကပြော လိုက်တဲ့စကား
ကျနော့် နှလုံးသားထဲက ကြားလိုက် ရတာပါ အမေ
အမေ့ ရဲ့ စေတနာ အမေရဲ့ မေတ္တာ တရားကို ကျနော့် နားက မကြားရပေမဲ့
နှလုံးသားထဲက ပြောတဲ့စကား ကို နှလုံးသားထဲက ပြန်ကြားလိုက်ရတာ
ဆိုတာကို ကျနော် နားလည် သွားပါပြီ အမေ

ကျနော်တို့ အဝေးရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား အားလုံးက
အမေ့ အပေါ် ချစ်ခင်လေးစား ရသလို အမေဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်အဖြစ်
ကမ္ဘာသူ ကမ္ဘာသား အားလုံးက အသိအမှတ်ပြုလိုက်တာပါ

ကျနော့် အတွက်တော့လေ အမေ ဟာ နိုင်ငံသူနိုင်ငံသား
တိုင်းရင်းသား ပြည်သူအားလုံးအတွက် အားထားရမဲ့ မိခင် ပါအမေရယ်

ဒီနေ့ ဒီရက် ဒီအချိန် ကို ကျနော့်ဘဝ မှာ
တသက်တာ မှတ်တမ်း အဖြစ် ဘဝသစ်တခုကို
အမေ ကျနော့်အတွက် မွေးဖွား ပေးလိုက်တာပါ အမေ ရယ်။

ဦးထိပ်ပန် ကန်တော့လျှက်
လေးစားသောအားဖြင့်
အမေ့ရဲ့ သား ကျနော်။

Monday, Jun 18, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ