တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား များက ရခိုင်တိုင်းရင်းသားများထံတွင် ရှိနေသော လေးခွများနှင့် ဒုတ်များ
ကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦးက
ပြောကြားသည်။
“ဘင်္ဂါလီတွေ သေနတ်နဲ့ ပစ်နေတာ။ ဒီလို သိမ်းလိုက်တော့ ကျွန်တော်တို့ မှာ ခုခံစရာ ဘာမှမရှိတော့ဘူး” ဟု ၄င်းဆိုသည်။
လက်ရှိ စစ်တွေမြို့တွင် လုံခြုံရေးများလုံလောက်စွာ ချထားခြင်း မရှိသည့်အပြင် ပြန်လည်ခုခံနိုင်ရန်အတွက် ရှာထားသည့် လေးခွများ ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းနေသောကြောင့် ရခိုင်တိုင်းရင်း
သားများမှာ ဆူပူအကြမ်းဖက်မှုဖြစ်ပွားပါက ပြန်လည် မခုခံနိုင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက
ပြောကြားသည်။
“သူတို့ဆီက ဘာလက်နက်ကိုမှ သိမ်းဆည်းတာမတွေ့ရဘူး။ နဂိုကတည်းက ဆူပူထကြွနေတာ။ ဒီလိုလုပ်
လိုက်တော့ ပိုဆိုးကုန်မှာပေါ့” ဟု ဒေသခံရခိုင်အမျိုးသားတစ်ဦးက ဆိုသည်။
သတင်း
The Voice Weekly
Wednesday, Jun 13, 2012
No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ