မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Wednesday, June 20, 2012

၈၈ အဖွဲ့ ရခိုင်ပြည်သို့ ယနေ့ သွားပြီ

မိသားစုအနုပညာအိမ် | Wednesday, June 20, 2012 | Best Blogger Tips

မနီလာသိန်းနှင့် မမီးမီး ။ 
ဓာတ်ပုံ- ၈၈

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ၈၈ မျိုး ဆက်ကျောင်းသူ မနီလာသိန်း၊ မမီးမီးတို့ ဦးဆောင်သော ဘေးဒုက္ခကြုံတွေ့နေရသူများအား နှစ်သိမ့်အားပေးရေး၊ အခြေအနေမှန်များ သိရှိနိုင်ရေး အချက်အလက်ရှာဖွေစုဆောင်းရေး အဖွဲ့သည် ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် လေဆိပ်မှ ရခိုင်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် စတင် ထွက်ခွာ သွားကြကြောင်း သတင်းရရှိပါတယ်။


ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ရပ်များနဲ့ စပ်လျဉ်းပြီး လက်တွေ့ဘ၀ ပြည်သူ့ အသံများကို တိုက်ရိုက် နားထောင်ကြမှာဖြစ်ပြီး လူမှုရေး လိုအပ်ချက်တွေ ဘာတွေရှိတယ်-အခြေအနေ မှန်တွေက ဘာတွေဖြစ်နေတယ်- နိုင်ငံရေး အခြေအနေတွေက ဘယ်လို အဆင့်မှာ ရှိနေတယ်ဆိုတာတွေ ကို လေ့လာပြီး သိရှိတဲ့ အချက်အလက်စုဆောင်းမှုတွေကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို ပြန်လည် အစီရင်ခံကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအပြင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ပြီး အလှူခံရရှိတဲ့ ငွေကြေး၊ ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာ၊ အ၀တ် အထည်များကိုလည်း ခရီးစဉ်အတွင်း ဆက်လက်လှူဒါန်းသွားကြမှာဖြစ်ပြီး ဆက်လက်လှူဒါန်းနိုင်ရန် စိတ်ပါ ၀င်စား၍ အလှူဒါနပြုလိုကြသော ပြည်တွင်း၊ ပြည်ပ က မည်သည့် စေတနာရှင်များကမဆို ၈၈ မျိုး ဆက် ကျောင်းသားများအဖွဲ့ရဲ့ ယာယီ ရုံးခန်း တည်ရှိရာ အမှတ် (၂၈၄)/(က) ဝေဇယန္တာလမ်း ၁၆/၃ ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်၊ သီရိဂုဏ်အိမ်ရာဆိုင်းဘုတ်ဘေးရှိ အဆောက်အဦ ရှိရာသို့ လာရောက် လှူဒါန်းနိုင် ပါ ကြောင်း နှိုးဆော်ထားတာလည်း သိရပါတယ်။



သတင်း
ဧရာဝတီ ဘလော့ဂ်
Wednesday, Jun 20, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ