မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Tuesday, April 17, 2012

ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ

မိသားစုအနုပညာအိမ် | Tuesday, April 17, 2012 | Best Blogger Tips



သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့  ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဟာ
နော်ဝေးနိုင်ငံ အော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေးတွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နော်ဝေအစိုးရကို ရှင်းလင်းပြောဆိုဖို့
ဖြစ်တယ် လို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နော်ဝေးနိုင်ငံဘက်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်တာရဲ့အကျိုးသက်
ရောက်မှု တစ်ရပ် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အလားတူ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး တူးတူးလေး လည်း ညှိနှိုင်းဆွေးနွေးရေး သင်တန်း တက်ရောက်ဖို့ နော်ဝေးနိုင်ငံကိုရောက်ရှိနေပါတယ်။

ယော်ဗစ်မြို့က နော်ဝေး-မြန်မာ မိတ်ဆွေများအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူး တူးတူးလေး က အခုလို ၀န်ကြီး
ဦးအောင်မင်း ရောက်ရှိ နေချိန်အတွင်း နော်ဝေးရောက် မြန်မာတိုင်းရင်းသားများအနေနဲ့ မြန်မာအစိုးရ ကို
 ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အတွက် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ကြောင်း
ပြောဆိုခဲ့တယ်လို့ အသင်းဝင် ဦးဇော်ဝင်း က ပြောပါတယ်။

နော်ဝေးအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးကိစ္စ တွေ မှာ ပါဝင် ကူညီလိုတဲ့ ဆန္ဒရှိကြောင်းနော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောဆိုပါတယ်။

မြန်မာအစိုးရအပေါ် ဗီဇာပိတ်ပင်ထားတာနဲ့ ရင်းနှီးမြှုပ်နှံမှုပိတ်ပင်ထားတာတွေကို ရုတ်သိမ်းကြောင်း
နော်ဝေးအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့လက်နက်ရောင်းချရေးနဲ့၊ ကျောက်မျက်၊သတ္ထု၊ သစ် စတဲ့ ကုန်သွယ်မှု ကဏ္ဍကိုတော့ နော်ဝေးနိုင်ငံ
က ဆက်လက် ပိတ်ပင် ထားမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အီးယူ ဟာ လာမယ့်ဧပြီလ (၂၃)ရက်နေ့မှာမြန်မာ့အရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး
ဆွေးနွေးမှာဖြစ်ပါတယ်။


By: RFA Burmese





သတင်း
Myanmar News Now
Tuesday, April 17, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ