မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Thursday, April 26, 2012

အီတလီ နိုင်ငံခြားရေးဝန်ကြီး နှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မိသားစုအနုပညာအိမ် | Thursday, April 26, 2012 | Best Blogger Tips


အီတလီ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဧပြီလ ၂၆ ရက် နံနက် ၉ နာရီ ခွဲက
ဒေါ်အောင်ဆန်းစုကြည် နေအိမ် မှာ ၁ နာရီကျော် ကြာတွေ့ဆုံဆွေးနွေး ခဲ့ပြီး ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်ခု ဖြစ်သည့် အီတလီ နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုတွေကို လက်ရှိ တိုးတက်လာသော နိုင်ငံရေး အခြေအနေများအရ တစ်နှစ် ဆိုင်းငံ့ပေးထားကြောင်း၊ ၂၀၁၅ ခုနှစ်တွင်
ဒီမိုကရေစီ စံနှုန်းပြည့် လိမ့်မည် ဟုမျှော်လင့်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးကပြောကြားခဲ့သလို၊
ဒေါ်အောင်ဆန်းစုကြည် ကလည်း NLD လွှတ် တော် ထဲဝင်ရောက်ရေးဟာ နည်းနာပိုင်ဆိုင်ရာ ပြဿနာ
လေးသာဖြစ်ကြောင်း ၊ လွှတ်တော်တွင်း ၀င်ပြီး နိုင်ငံကို အလုပ်အကျွေးပြုချင်ကြောင်းပြောကြားခဲ့သည်။
တွေ့ဆုံမှုအပြီးသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက်များအား လွှတ်တော်ကိစ္စရပ်ဆိုင်ရာ မေးခွန်းများကို မေးမြန်းခွင့်မပြုခဲ့ဘဲ အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ပိတ်ဆို့
အရေးယူမှု ဆိုင်ရာမေးခွန်းများကိုသာ မေးမြန်းခွင့်ပြုခဲ့သည်။




သတင်း
Popular Myanmar News Journal
Thursday, April 26, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ