မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Monday, March 19, 2012

ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြနိုင်ရန် လျော်ကြေးငွေကျပ် ၁၂၀၀၀ ဖြင့် ပြန်သိမ်းခံခဲ့ရသည့် မြေကွက်ပိုင်ရှင်များနှင့် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံ

မိသားစုအနုပညာအိမ် | Monday, March 19, 2012 | Best Blogger Tips

ဦးကိုကိုကြီး နှင့် ဦးခိုင်မောင်ရည် တို့အား အနန္တမေတ္တာ ကျောင်းတိုက်တွင် တွေ့ရစဉ်

လျော်ကြေး ငွေ ၁၂၀၀၀ ကျပ်ဖြင့် ပြန်လည် သိမ်းခံခဲ့ရသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေကွက်များနှင့်
ပတ်သက်ပြီး ဖြစ်စဉ် အသေးစိတ်အား ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ထံ ထပ်မံတင်ပြ နိုင်ရန် အလုံမြို့နယ်
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်
သူ ဦးကိုကိုကြီး ဦးဆောင်သည့် ကျောင်းသားဟောင်းများနှင့် မြေကွက်ပိုင်ရှင်များ မတ်လ ၁၇ ရက် နေ့က
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ၁၂၆ ရပ်ကွက်ရှိ အနန္တမေတ္တာ ကျောင်းတိုက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အစိုးရ၀န်ထမ်းများသို့ မြေကွက်ချထားခဲ့မှုများ ပယ်ဖျက်ခဲ့မှု အပေါ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ပထမ အကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်း
အဝေး ၁၄ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံ အစီရင်ခံစာ တင်ပြခဲ့ကြောင်းလည်း သိရှိရ
သည်။

ယင်းသို့ တွေ့ဆုံရာတွင် ၈၈မျိုး ဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး က “လက်ရှိကြုံ 
တွေ့နေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်စားပြု ဒီမိုကရေစီ နဲ့ တိုက်ရိုက် ဒီမိုကရေစီ ဆိုတဲ့ပုံစံနှစ်ခုနဲ့ ကြိုးစား
သွားမယ်။ ကိုယ်စားပြု ဒီမိုကရေစီနည်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကတစ်ဆင့် ဆွေးနွေးတင်ပြ
သွားမှာ ဖြစ်ပြီး တိုက်ရိုက် ဒီမိုကရေစီကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ပြည်သူတွေပူးပေါင်းဆောင်
ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပေမယ့် ပြည်သူတွေဘက်က ရပ်တည်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟုဆိုခဲ့သည်။

ဦးခိုင်မောင်ရည် က မြေကွက်များ ချထားပေးစဉ်က စည်းကမ်းချက် အချို့နှင့် အပိုစည်းကမ်းများ ထုတ်ထား
သည်ကိုတွေ့ရကြောင်း၊ အပိုစည်းကမ်းများတွင် သုံးလအတွင်း လာရောက်နေထိုင်ခြင်း၊ ဆောက်လုပ်ခြင်း မပြုလုပ်ရဟု ပါရှိကြောင်း၊ နေထိုင်မည်ဆိုပါကလည်း မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီ မှု မရှိသည့်အတွက် သွားရောက်နေထိုင်မှု မပြုခြင်းဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်သည့် အခြေအနေများကိုမြို့ပြစီမံကိန်း
ချထားသူက ဖန်တီးပေးမှ ပြည်သူများ နေနိုင်မည် ဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိသေးဘဲ သွားရောက်နေထိုင်ခြင်း မပြုသေးသည့် ပြည်သူများအပေါ် မြေကွက်သိမ်းမည်ဆိုသည့် ထုတ်ပြန်ချက် မှာ မဆီလျော်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သတင်း
Eleven Media Group
MONDAY, MARCH 19, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ