တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့်
၁၃၇၃ ခုနှစ်၊ တပေါင်းလဆုတ် ၈ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မတ်လ ( ၁၅ ) ရက် )
၁၃၇၃ ခုနှစ်၊ တပေါင်းလဆုတ် ၈ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မတ်လ ( ၁၅ ) ရက် )
မိတ္ထီလာ မြို့နယ် သီးကုန်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၈၆/၃)အရှေ့
ဘက် ပေ (၁၅၀၀)ကျော်ခန့်အကွာ ကျောက်ပန်းတောင်း မိတ္ထီလာလမ်း၏ မြောက်ဘက် နေရာတွင် ဖွင့်လှစ်
ထားသော ဦးမင်းသူ ပိုင်ဆိုင်သည့် ဆုံပွိုင့် ထမင်းဆိုင်အား လမ်းဖွင့်လှစ်ရန် ဟုအကြောင်းပြကာ တပ်မတော် ၉၆၇ GE တပ်မှ ဗိုလ်မှူး အောင်နိုင်ဝင်း ၏ အမိန့်ဖြင့်လက်အောက်မှ တပ်မတော်သားများက (၂၈.၁၂.၂၀၁၀) ရက်နေ့ည (၁၁) နာရီ (၁၅) မိနစ်တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။
မီးလောင်နေစဉ် ဘူဒိုဇာ (ဘက်ဖိုး) ကားကြီးဖြင့် ဖျက်ဆီးခဲ့သည်။ ဆိုင်အတွင်း ၌ အလုပ်သမားနှစ်ဦး အိပ်နေ
သည်ကို သိသိနှင့် တပ်မတော်သားများ မှ မီးရှို့ဖျက်ဆီးခဲ့သည်။
အလုပ်သမားနှစ်ဦး သည် အသက်ဘေးမှ လွတ်မြောက်အောင် ရုန်းကန်ထွက်ပြေးခဲ့ရသည်။ မီးရှို့နေစဉ်တွင် တပ်မတော်သားများ နှင့်အတူ မယက-ရရက အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။
မီးလောင်ဖျက်ဆီးနေမှူ့ မြင်ကွင်းကို တပ်မတော်အရာရှိများနှင့် မယက-ရရက များက ၀မ်းသာရယ်မောစွာ ကြည့်ရှု့ နေကြသည်။ ဖျက်ဆီးပြီးနောက် ဆိုင်ဖျက်ဆီးခွင့် ကို သိရှိကြောင်း အတင်းအဓမ္မလက်မှတ်ထိုးခိုင်း
ခဲ့ပါသည်။
ဗိုလ်မှူးအောင်နိုင်ဝင်း (လမ်းပိုင်းတာဝန်ခံ) ၊ ဒုအရာခံဗိုလ် ဆန်းဝင်း ၊ တပ်ကြပ် စိုးဝင်းဌေး တို့ ကို ဆိုင်ရှင် မှ အသနားခံစာ တင်ချိန်တွင် တပ်ကြပ် စိုးဝင်းဌေး အား ဆိုင်ဖျက်ဆီးမီးရှို့သူအားမေးသော်တပ်ကြပ်စိုးဝင်းဌေး
မှ ဗိုလ်မှူးအောင်နိုင်ဝင်း ၏ ကားကို လက်ညှိုးထိုးပြ ခဲ့ပါသည်။ အသနားခံစာ ကိုလည်း တပ်ကြပ် စိုးဝင်းဌေး ထံသို့ တစ်ဆင့်တင်ခဲ့ရသည်။
သင်္ကြန်ပြီးချိန်တွင် တပ်ကြပ်စိုးဝင်းဌေး မှ ငါ့ကိုကြောက်ရဲ့လားဟု မေးမြန်းခဲ့ပါသည်။ ဆိုင်ဖျက်ဆီးခံရပြီး နောက်ပိုင်း ဆိုင်တွင်း ပစ္စည်းများ တစ်ခုမှ ပြန်လည်မရရှိခဲ့ပါ ဆုံးရှုံး ပျက်စီးခဲ့ပါသည်။ ၎င်းဆိုင်ကို ဖျက်ဆီး မီးရှို့ခြင်း မခံရမီ လေးလအကြာ မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
ထိုဆိုင်တည်ရှိစဉ် ကာလက တပ်မှ လာရောက်သည့် ပုဂ္ဂိုလ်များကို အခမဲ့ ကျွေးမွေးပြုစုခဲ့ရပြီး ဗိုလ်မှူး
နိုင်အောင်ဝင်း ၏ လက်အောက်တပ်ဖွဲ့ဝင် (၆၀) မှ (၉၀) ဦးခန့်ကိုလည်း မကြာခဏ ကျွေးမွေးပြုစုခဲ့ရပါသည်။ မီးလောင်တိုက် အသွင်းခံရ သည့်မြေကို တပ်မတော်သားများ မှ ကျွန်းပင်များစိုက်ခဲ့ပျိုးပြီး မြေနေရာကို သိမ်းဆည်း ထားခဲ့သည်။
ယခု ထိုမြေကွက်မှ ကျွန်းပင်များ ရှင်သန်ကြီးထွား မှုကို မတွေ့ရပေ။၎င်းအဖြစ်အပျက်မှာ မိတ္ထီလာမြို့တွင် သတင်း ကြီးခဲ့သော်လည်း မီးရှို့ ဖျက်ဆီးသူများကို အရေး ယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ဆုံးရှုံး
နစ်နာမှု့ကြေးကိုလည်း ဆိုင်ရှင်များ မှ မရရှိခဲ့ပါ။
မှတ်ချက်။ ။နိုင်ငံရေး အကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် မှအဖွဲ့ဝင်များ နှင့် ပြည်သူ
လူထု ကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေဆပ်ကော်မတီ
(၁၅.၃.၂၀၁၂)
ဖျက်ဆီးခြင်းမခံရမီက တွေ့မြင်ရသော ဆုံပွိုင့် စားသောက်ဆိုင်
ဆိုင်ကိုလာရောက်ဖျက်ဆီးသွားသော ဘူဒိုဇာ ကားကြီး၏ ချိန်းသွားခြေရာများ
ဆိုင်ရှင်မှ အသနားခံတင်စာမူရင်း
သတင်း
Myanmar News Now
FRIDAY, MARCH 16, 2012






No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ