အမေရိကန် အထူးကိုယ်စားလှယ်မှ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် လုံခြုံရေး စိုးရိမ်
( ရုပ်သံ-သတင်း )
မြန်မာ နိုင်ငံကို ၆ ရက်တာ ခရီးစဉ် အဖြစ် ရောက်ရှိ နေတဲ့ အမေရိကန် နိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ
ရေးရာ ညှိနှိုင်းရေးမှုး မစ္စတာ ဒဲရစ်မစ်ချယ်လ်ဟာ မက်လ ၁၄ ရက်နေ့ က လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံပြီး လာမယ့်ဧပြီလ ၁ ရက်နေ့ကျင်းပမယ့်ကြားဖြတ်
ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားခဲ့ကြသလို ရွေးကောက်ပွဲ ကော်မရှင်က
ထုတ်ပြန်လာတဲ့ မဲစာရင်း လွဲမှားမှုတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တင်ပြ ဆွေးနွေး သွားခဲ့ပါတယ်။
အဲဒီနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအတွက် စိုးရိမ်ကြောင်း မစ္စတာ ဒဲရစ်မစ်ချယ်လ်က ပြောဆို သွားခဲ့ပါတယ်။
ရုပ်သံ-သတင်း
BURMA VJ MEDIA
THURSDAY, MARCH 15, 2012
ရုပ်သံ-သတင်း
BURMA VJ MEDIA
THURSDAY, MARCH 15, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ