ဓာတ်ပုံ- ဥက္ကာကိုကို ( 7Day News Journal )
ချင်းမိုင်(မဇ္စျိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်
ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ အလုပ်လက်မဲ့ အခြေအနေ ပပျောက်စေရန် အလေးထား လုပ်ဆောင်ပေးမည်ဟု ပြောကြားလိုက်သည်။
ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွက် ဝိဇ္ဖောဒယကျောင်းရှေ့မှကွင်းပြင်တွင် ပြည်သူလူထု လေးသောင်း

ခန့်ကို ၂၅ မိနစ်ခန့်ကြာ ပထမဆုံး မဲဆွယ် စည်းရုံးရေးဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်း
သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း NLD ၏ ကော့မှူးမြို့နယ် အောင်နိုင်ရေး တာဝန်ခံ ဦးမြင့်သိန်းက ပြောသည်။
“ကော့မှူးမြိုနယ်မှာအလုပ်လက်မဲ့များပြီးတော့စီးပွားရေးအခြေအနေ တော်တော်ဆိုးနေတာ တွေ့ရတယ်။

ကော့မှူး မြို့နယ်က မဲဆန္ဒရှင် အားလုံးအတွက်ကို ကျမမြို့နယ်ဖြစ်တဲ့အတွက်ကို မြန်မာပြည်မှာ ကျမမြို့နယ်
ကနေစပြီး အဲဒါတွေကို ပြုပြင်ပေးချင်တယ်။ ကျမ တာဝန်ကျေအောင် ထမ်းဆောင်ပါ့မယ်။ဒါကြောင့် ကော့မှူး
မြို့က လူထု မဲပေးမှသာလျှင် မြန်မာတပြည်လုံးအတွက် အဲဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်”
ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ပြောစကားအတိုင်း ဦးမြင့်သိန်းက မဇ္စျိမကို ပြန်ပြောပြသည်။
ထို့ပြင် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က သွားရောက်ခဲ့သည့် မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲ

တွင်လည်း အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးသည်။
“ကျမတို့နိုင်ငံရဲ့ အဓိက ပြဿနာကြီးကတော့ ဆင်းရဲမွဲတေမှုပါပဲ။ ဒီပြဿနာနဲ့ ပတ်သက်လို့ဘယ်လိုဖြေရှင်း

ဖို့ စဉ်းစားထားသလဲလို့ မေးလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ကူညီချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေနဲ့ ဒီကိစ္စ
တွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ကျမတို့ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး လုပ်မလဲဆိုတာကို စတင်ပြီးတော့ ကျမတို့ တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့ဖူးသည်။
ကြာသပတေးနေ့ ကော့မှူး ဟောပြောပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဦးတည်ချက်ဖြင့် ကရင်

တိုင်းရင်းသား များ နေထိုင်သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကို ရွေးချယ်ထားပြီး လွှတ်တော်ထဲရောက်ရှိ
ပါက ကော့မှူးမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ အသီးသီးသို့ အရောက် သွားမည်ဟု ပြောခဲ့သည်ဟု လည်း သိရသည်။
ယခုခရီးစဉ်မှာ ၎င်း၏ မဲဆန္ဒနယ်သို့ လေးကြိမ်မြောက် သွားရောက်ခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲ

အောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကော့မှူးခရီးစဉ်တွင် မြို့ခံဆရာတော် ၁၃ ပါးကို ပင့်ဆောင်ကာ ဝတ္ထုပစ္စည်း

များဖြင့် ပူဇော်ခဲ့သလို တွံ့တေးမြို့နယ် ဘုရားကြီး ကျေးရွာမှ မင်္ဂလာပရဟိတ မိဘမဲ့ကလေးဂေဟာကျောင်း
သို့ သွားရောက် ကာ မိဘမဲ့ကလေးငယ် ၄ဝဝ ကျော်တို့အား အားပေးစကားပြောခဲ့သည်ဟု သိရသည်။
ထို့ပြင် ကော့မှူးမြို့နယ် ကျေးရွာပေါင်း ၆၂ ရွာမှ ရပ်ကျေး ခေါင်းဆောင်များ နှင့် ပါတီအောင်နိုင်ရေး ရုံးတွင်

တွေ့ဆုံကာရွေးကောက်ပွဲဝင်ရခြင်း၏ အကြောင်းအရင်းများ၊ မဲဆွယ်စည်းရုံးရေးကိစ္စများနှင့် ပတ်သက်
၍ ဆွေးနွေးခဲ့သည်ဟု ဦးသိန်းမြင့်က ပြောသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကျေးရွာပေါင်း ၆၂ ရွာ၊ မဲပေးနိုင်သူ ဦးရေ ၈၇,ဝဝဝ ရှိပြီး မဲရုံပေါင်း ၁၂၉ ရုံထားရှိမည် ဖြစ်သည်။
ကြာသပတေးနေ့ နေ့လယ်ပိုင်း စတင်သည့် ခရီးစဉ်တွင် ရန်ကုန်တိုင်း တွံတေးမြို့မှ ကော့မှူးမြို့သို့ အသွား

လမ်း တလျှောက် ပြည်သူလူထုက လမ်းဘေးဝဲယာမှ ပျော်ပျော်ရွှင်ရွှင် လာရောက် ကြိုဆိုခဲ့သည်ကို တွေ့ရ
ကြောင်း ခရီးစဉ်တလျှောက် လိုက်ပါခဲ့သူ မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။
“တွံတေးကနေ ကော့မှူးတလျှောက် လူတွေက ပြည့်ညပ်နေတော့ ကားက လိမ့်ရုံပဲ သွားရတာ။ ဒီလောက် နေပူကြဲ ထဲမှာတောင် ရွာတိုင်းလိုလို ထွက်လာပြီး လာကြိုပြီး နှုတ်ဆက်ကြတယ် အဖိုးကြီး အဘွားကြီးတွေတောင်မှ ဖိနပ် မပါဘဲ လာနှုတ်ဆက်တာ တွေ့ရတယ်။ လူတွေက ပူအိုက်ပြီး ချွေးတွေ ထွက်နေတာတောင်မှ တကယ်ကို ပျော်ပျော် ရွှင်ရွှင်နဲ့ ကြိုကြတာ တွေ့ရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဝါးသင်္ခကျေးရွာမှ
ဒေါ်သန်းသန်းလေး မိသားစုတွင် အိမ်ထောင်စု စာရင်းဝင် လိုက်သော်လည်း မဲထည့်ရန် ပုံစံ ၁ဝ ပြုလုပ်ဖို့ လိုအပ်သဖြင့် မဲထည့်နိုင်ရန် ကြိုးစားတော့မည် မဟုတ်ကြောင်း NLD ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး

ဏီးဉာဏ်ဝင်းက ပြောသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ

ဒေါက်တာ စိုးမင်း နှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
သတင်း
ဖနိဒါ-(မဇ္စျိမ)
ကြာသပတေးနေ့၊ မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်
သတင်း
ဖနိဒါ-(မဇ္စျိမ)
ကြာသပတေးနေ့၊ မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ