ရန်ကုန် မတ်-၆
ကချင်ပြည်နယ် မြစ်ဆုံအနီး တန်ဖဲ ရွာဟောင်းသို့ ပြန်လာသည့် ဒေသခံ ကျေးရွာသားများကို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ညနေ လေးနာရီခန့်တွင် ကား လေးစင်းဖြင့် လာရောက်
ခေါ်ဆောင်သွားကြောင်း ကျေးရွာ ဒေသခံများက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။
ထိုသို့ လာရောက် ခေါ်ဆောင်ရာတွင် ရွာဟောင်းသို့ မပြန်ရန် လက်မှတ် ထိုးခိုင်းကြောင်း၊ ဒေသခံများမှာ
ကျေးရွာသစ်တွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည့်အတွက် ဝမ်းစာ အခက်အခဲ ဖြစ်ရကြောင်း၊
ဒေသခံ ရွာသား ၂၈ ဦးနှင့် ခရစ်ယာန် သီလရှင် တပါးကို ခေါ်ဆောင်သွားကြောင်း ဒေသခံ ရွာသား ကိုအောင်
၏ ပြောကြားချက်အရ သိရသည်။
" နိုင်ငံတော် စီမံချက်လို့ ပြောပြီး လာခေါ်သွားတာ၊ ဖမ်းတာလားဆိုတာတော့ မသိရသေးဘူး၊ ဒေသခံတွေ
အနေနဲ့ ရွာဟောင်းမှာဘဲ နေချင်ကြတာ၊ ကျွန်တော်တို့ အနာဂါတ် ကံကြမ္မာ ဘယ်လိုဖြစ်မယ် ဆိုတာ မသိ
နှိုင်တော့ဘူး " ဟု ၄င်းကဆိုသည်။
အထက်ပါကိစ္စနှင့် ပါတ်သက်၍ မြစ်ကြီးနား ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ယနေ့ည ၈ နာရီ မိနစ် ၃၀ တွင်၊ အတည်ပြု
မေးမြန်းခဲ့ရာ၊ ယင်းကိစ္စနှင့် ပါတ်သက်ပြီး တစုံတရာ ပြောကြားနှိုင်ခြင်း မရှကြောင်းသာ ဖြေကြားသည်။
တန်ဖဲ ကျေးရွာဟောင်းတွင် ဆိုင်လာဖွင့်သူများ အပြင် မပြောင်းရွှေ့သေးသူများလည်း ရှိကြောင်း ဒေသခံ
တဦးဖြစ်သည့် ဒေါ်ဂျာဆန်းစွမ် ကလည်း The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။
မြစ်ဆုံ စီမံကိန်းကြောင့် တန်ဖဲရွာ နှင့် အခြားကျေးရွာများအား အောင်မြင်သာ ရွာသစ်သို့ ပြောင်းရွှေ့ခဲ့ရာ
ကျေးရွာသစ်တွင် အိမ်ခြေ ၃၆၀ ကျော် ရှိကြောင်း ဒေသခံ ရွာသား ကိုအောင် က ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ဒေသ မြစ်ဆုံသို့ ၈၈ မျိုးဆက် ကျောင်းးသားများ လာရောက်ခဲ့ပြီး ၁၀ ရက်
အကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတင်း
The Voice Weekly
TUESDAY, MARCH 06, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ