လွှတ်တော်မှ အတည်ပြုပြီးပါက ဥပဒေသစ်ကို စတင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရပါ
သည်။
''ကျွန်တော်တို့ အခုလက်ရှိ သုံးနေတဲ့ ဥပဒေက ၁၉၅၄ ခုနှစ်က ထုတ်ခဲ့တဲ့ဥပဒေပါ။ လက်ရှိ ပတ်ဝန်းကျင်
နိုင်ငံတွေနဲ့ယှဉ်ရင် အဲဒီ ဥပဒေမှာက ပြုပြင်စရာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဥပဒေ
သစ် ကိုရေးဆွဲပြီး အကောင်အထည် ဖော်နိုင်ဖို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော် မှာ အတည်ပြု ပြီးသွားပါပြီ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသွားရင်တော့
ဥပဒေကို စတင် အကောင်အထည်ဖော်သွားပါမယ်။ ဥပဒေသစ်အရ ကျွန်တော်တို့ အလုပ်သမားစာရင်း
တွေကို ကွင်း ဆင်းပြီး အတိအကျဖြစ်အောင် ကောက်ယူမှုတွေ ပြုလုပ်သွားပါမယ်။ ပြီးရင်ကွန်ပျူတာနဲ့ စာရင်းသွင်းသွားမယ်။ ထည့်ဝင်ကြေး ပိုများလာမှာဖြစ်သလို နစ်နာကြေးတွေကိုလည်း ထိုက်ထိုက်တန်တန် ပေးသွားမှာဖြစ်ပါတယ်''ဟု လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြား ခဲ့သည်။
''လူမှုဖူလုံရေးဥပဒေအရ အလုပ်သမား ငါးဦးထက်ပိုတဲ့ အလုပ်တိုင်းက အကျုံးဝင်ပါတယ်။ ကျွန်တော်တို့ အလုပ်ရှင်တွေကို ပြောချင်တာကတော့ အလုပ်သမား ဦးရကို ထိန်ချန်ခြင်းမပြုဖို့နဲ့ ထည့်ဝင်ကြေးပေးသွင်းတဲ့ အလုပ်သမားရဲ့ အချက်အလက်တွေ မှန်ကန်ဖို့ ပါပဲ။ အလုပ်သမားတွေ ဖက်ကလည်း မိမိတို့ရဲ့ အခွင့်အရေး
တွေ မနစ်နာရအောင် ပြည့်ပြည့်စုံစုံပေးဖို့ လိုပါတယ်။ လုပ်ငန်းခွင်ဆိုတာကတော့ မမျှော်လင့်နိုင်တဲ့ ဒုက္ခတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီလိုမမျှော်လင့်နိုင်တဲ့ ဒုက္ခမျိုး
တွေ ကြုံလာခဲ့ရင် ကယ်တင်နိုင်ဖို့ပါ'' ဟု ဦးယုလွင်အောင်က ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ရှိ လူမှုဖူလုံရေး ဥပဒေကို ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၁၉၅၆ ခုနှစ် ဇန်န၀ါရီလတွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြောင်း သိရပါသည်။
သတင်း ( EMG )
MONDAY, MARCH 12, 2012
No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ