မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Friday, March 16, 2012

ခေတ်စနစ် နှင့် မညီတော့သော ဌာန အချို့ ဖျက်သိမ်းရန် အဆိုတင်

မိသားစုအနုပညာအိမ် | Friday, March 16, 2012 | Best Blogger Tips

ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် မှ တင်သွင်းခဲ့သော အဆိုတွင် “ရဲတပ်ဖွဲ့ဆိုရင်လည်း (လုံထိန်း) ရဲတပ်ရင်းတွေ က ဒီလောက်ထိ များစရာ မလိုပါဘူး။

ဆန္ဒပြတာ ထိန်းချုပ်ဖို့ အတွက် ဖွဲ့ထားခဲ့တယ်ဆိုရင်ဒီ ရည်မှန်းချက် က ဒီနေ့အချိန်မှာ မလိုအပ်တော့ပါဘူး။

ဥပမာ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးနဲ့ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ၂ ခု ရှိတယ်။ဗဟိုဝန်ထမ်း
တက္ကသိုလ်၊ ဝန်ထမ်း အစဝန်ထမ်းတွေရဲ့ အရာရှိ ၅ လ သင်တန်း ပေးရမယ့် ရုံးဝန်ထမ်းတွေကိုပဲ၊ ဒါပေမယ့်
ကျောင်းဆရာ ဆရာမတွေ၊ အခြားဝန်ထမ်း အကြီးအကဲတွေကို ခုနကလို အထူး မွမ်းမံသင်တန်းလို ပေးပေး
နေတဲ့ နိုင်ငံတော်ရဲ့ ပိုက်ဆံစရိတ်တွေက တော်တော် ကုန်ပါတယ်။

ဒါတွေက ခုနကပြောသလို မပေးသင့် တော့ဘူး။ သူ့ရဲ့ ကျွမ်းကျင်မှု အတွက် သူ့ရဲ့ဝန်ကြီးဌာနအောက်မှ
ပေးရင်ရတဲ့ သင်တန်းမျိုးကို ယခုလို အချိန်ကုန်ခံပြီး ပေးတာမျိုးဟာ ဒီနေ့အချိန်ကာလဟာ ဆိုရှယ်လစ်ခေတ် မဟုတ်တော့ဘူး။ နအဖ၊ နဝတ ခေတ် မဟုတ်တော့ဘူး။ ကျွန်တော်တို့သွားတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်
မှာ လိုအပ်ရဲ့လားဆိုတာ အစိုးရအဖွဲ့သိမှာပါ။ ဒီသဘောပါပဲ” ဟု တင်သွင်း ပြောကြားခဲ့ကြောင်းသိရှိရ
သည်။

အဆိုတင်သွင်းသူမှာ “ခေတ်ကိုပြုပြင်ချင်တယ်။ စနစ်ကို အမှတ်တစ်ခုကို သွားချင်တဲ့အခါမှာ အဆိုတစ်ခု
တင်တယ်။ အချို့ အရိုးစွဲနေတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုသွားမယ့် လမ်းကြောင်းကို ပိတ်ဆို့တာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ပိတ်ဆို့ခြင်း၊ ဖွင့်ပေးခြင်းဆိုတာ၊ အဆိုတစ်ခုရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း
ပေါ် မူတည်ပါတယ်။ အဲဒီတော့ လွှတ်တော်မှာရှိတဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ သဘောထားတွေ၊ သူတို့သွားချင်တဲ့ လမ်းကြောင်းက၊ ရှေ့ကို သွားမှာလား၊ ဒါမှမဟုတ် နောက်ဆုတ်နေသလားဆိုတာ လူထုကလည်း သိအောင်၊ အစိုးရ ကိုယ်တိုင်သိအောင် ကျွန်တော်တို့က အဆိုတွေကို တင်ရခြင်းဖြစ်တယ်။ အောင်မြင်တာ မအောင်မြင်
တာထက် လွှတ်တော်ရဲ့ပုံဏ္ဌာန်ကို လူထုသိအောင် အဓိက ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

သတင်း
ခေတ်လူငယ်
FRIDAY, MARCH 16, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ