မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Friday, March 9, 2012

ဆန္ဒမဲ ပေးနိုင်သူ စာရင်း ရယူရန် မိတ္တူကူးစက် သယ်ဆောင်သွားရန် မလိုတော့ ဟု ပြည်သူ့ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ပြောကြား

မိသားစုအနုပညာအိမ် | Friday, March 09, 2012 | Best Blogger Tips

မန္တလေး၊ မတ် ၉

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေး ပါတီများ အနေဖြင့် မြို့နယ် ကော်မရှင် ထံမှဆန္ဒမဲ ပေးပိုင်
ခွင့် ရှိသူများ စာရင်းကို ရယူရာတွင် မိတ္တကူးစက် သယ်ဆောင် လာရမည် ဆိုသည့် အချက်မှာ မှားယွင်း နေ
ကြောင်းနှင့် ယင်းအချက်ကို  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံ ပြန်လည် မေးမြန်းပြီး နောက်တွင် မြို့နယ် ကော်မရှင် မှ မိတ္တကူးစက် ယူဆောင်လာရန် မလိုတော့ ဟု ပြောကြားကြောင်း ပြည်သူ့ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်ဦး က ပြောကြားသည်။

" ခင်ဗျားတို့ ဂျာနယ် မှာ မိတ္တကူးစက် ယူလာရမယ် ဆိုတဲ့ သတင်းကို တွေ့တယ်၊ ဒီကိစ္စကြီးက အဓိပ္ပါယ်မရှိ
ဘူး ထင်လို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဝင်းကို ထံ ဖုန်းဆက် မေးမြန်းတော့ အတွင်းရေးမှူးက တာဝန်ရှိသူ တစ်ဦးထံ ထပ်လွှဲပေး ပါတယ်။ အဲဒီ တာဝန်ရှိသူက ကျွန်တော့်ကို မနက်ဖြန် မြို့နယ် ကော်မရှင်ကို သွားလိုက်ပါ၊ ဘာမှ ယူမသွားပါနဲ့ လို့ ပြောပါတယ်။ အခု ကျွန်တော် ဘာမိတ္တကူးစက်
မှ မသယ်ဘဲ မဲစာရင်းတွေ ရခဲ့ပြီ၊ ပါတီတစ်ချို့ ကတော့ အလုပ် မရှုပ်ချင်လို့ မိတ္တကူးစက်တွေ မီးစက်တွေ သယ်သွား ကြတယ်၊ ကျွန်တော်ကတော့ ပါတီတွေကို ဝန်ထုပ်ဝ န်ပိုး ဖြစ်စေတယ် ထင်လို့ ကော်မရှင် ဆီ တိုင်တာ " ဟု ဒေါက်တာ သန်းထိုက်ဦးက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီများသည် မဲစာရင်းကို မိမိ အစီအစဉ်ဖြင့် ရယူရမည် ဆိုသည့် ညွှန်ကြားချက် မှာ မိတ္တကူးစက် သယ်ဆောင်သွားရန် မဟုတ်ဘဲ ပါတီများ အနေဖြင့် မဲစာရင်းကို မိတ္တူဆိုင် သွားရောက် ကူးယူသည့် စရိတ် နှင့် ကူးခကိုသာ ပေးဆောင်ရန် ဖြစ်ကြောင်း၊ ထိုသို့ သွားရောက် ကူးယူရာ
တွင် မြို့နယ် ကော်မရှင် မှ မဲစာရင်း တာဝန်ရှိသူ တစ်ဦး လိုက်ပါရန် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော
ဆိုသည်။



" ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ပဲ လုပ်ပါတယ်။ ဒါလေးတော့ စီစဉ်ပေးလိုက်လို့ ညွှန်ကြားရင် စီစဉ်ပေးလိုက် ပါတယ် " ဟု မဟာအောင်မြေ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ (အထွေထွေ အုပ်ချုပ်ရေး ညွှန်ကြားရေးမှူး (ငြိမ်း)) က ဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နေပြည်တော် တွင် ကျင်းပ ပြုလုပ်သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲတွင် SNDP ပါတီမှ ကြိုတင်မဲ ကိစ္စ နှင့် ပတ်သက်၍ မေးမြန်းပြီးနောက်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ပါတီများ အနေဖြင့် မြို့နယ် ကော်မရှင်ရုံးတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ၏ စာရင်းကို ရယူနိုင်ကြောင်း ဖြေကြားခဲ့သည်။

သတင်း
The Voice Weekly
FRIDAY, MARCH 09, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ