မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Wednesday, March 21, 2012

သင်းချိုင်းကုန်း နဲ့ သောင်ပြင် မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား

မိသားစုအနုပညာအိမ် | Wednesday, March 21, 2012 | Best Blogger Tips

 သင်းချိုင်းကုန်းနဲ့ သောင်ပြင်မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား
မိုးမခမိတ်ဆွေ (မြေလတ်)။ မတ် ၂၁၊ ၂၀၁၂


ဒေါ်အောင်ဆန်းစုကြည် ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး ခရီးစဉ်ကို မတ်လ ၂၇ မှာ 
မော်တော်ယာဉ်တန်းဖြင့် သွားမည်လို့ ပြောပါတယ်။ ညောင်ဦး ကိုတော့ လေယာဉ်နဲ့ လာမယ်လို့ ဆိုပါတယ်။ မကွေးမှာ ဟောပြော စည်းရုံးခွင့် ရဖို့ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မပေးဘူးလို့ ကြားနေရပါတယ်။ သင်းချိုင်းကုန်း မြေကွက်လပ် တွေမှာ ဟောလို့ ရမယ်လို့ ကော်မရှင်က လက်လွတ် စပယ်ပြောတယ်လို့
လည်း ဆိုကြပါတယ်။ 

ဝန်ထမ်း တွေကိုလည်း အဲသည်နေ့ အစည်းအဝေးလုပ်ပြီး ရုံးမှာ နေရမယ်လို့ ပြောသံကြားတယ်။ 
သောင်ပြင်မှာ လုပ်မှာစိုးလို့ သောင်ပြင် တခုလုံးကို သောင်တူးစက်နဲ့ တူးဆွ ထားတာကလည်း မွနေ ပလဲနေ
တာပဲဗျာ။
  အခုပေးပို့လိုက်တဲ့ အမတ်လောင်းတွေရဲ့ မဲဆွယ်လက်ကမ်းစာရွက်တွေပါ။ တဆညပါတီအမတ်လောင်းနဲ့ အင်န်အယ်ဒီအမတ်လောင်း ၂ ဦးရဲ့ ဘ၀ဖြတ်သန်းမှုတွေကို နှိုင်းယှဉ်ကြည့်ကြပါ။ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စား အလုပ်လုပ်မယ့် တိုက်ပွဲဝင်မယ့် အမတ်လောင်းက ဘယ်သူလဲဆိုတာ ထင်ရှားပါတယ်။


သတင်း- မိုမခ
WEDNESDAY, MARCH 21, 2012



No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ