မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Saturday, March 24, 2012

ဒေါက်တာဒေါ်မေဝင်းမြင့် မရမ်းကုန်းမြို့နယ်အတွင်း မဲဆွယ် စည်းရုံး ဟောပြောပွဲ ( ရုပ်သံ-သတင်း )

မိသားစုအနုပညာအိမ် | Saturday, March 24, 2012 | Best Blogger Tips

ဒေါက်တာဒေါ်မေဝင်းမြင့် မဲဆွယ် စည်းရုံးရေး ခရီးစဉ်

( ရုပ်သံ-သတင်း )



လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မေဝင်းမြင့်ရဲ့မဲဆွယ် စည်းရုံး ဟောပြော
ပွဲ တစ်ခုကို မတ်လ ၂၃ ရက်နေ့က မရမ်းကုန်းမြို့နယ်အမှတ် ၃ ရပ်ကွက်မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ 

ဒီ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ပြည်သူလူထု ၃၀၀ ခန့် 
တက်ရောက် ခဲ့ကြပါတယ်။ ဒေါက်တာဒေါ်မေဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြုပြီး ၁၉၉၀ပြည့် ရွေးကောက်ပွဲမှာတုန်းက မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ  ရွေးချယ် တင်မြှောက် ခံခဲ့ရသူဖြစ်ပြီး ၁၉၉၇ ခုနှစ်၊အောက်တိုဘာလ ၂၈ ရက်နေ့မှာ အစိုးရ ဆန့်ကျင်ရေး ဆူပူလှုပ်ရှားမှု ပြုလုပ်ခဲ့
တယ် ဆိုပြီး နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။


ရုပ်သံ-သတင်း
BURMA VJ MEDIA
SATURDAY, MARCH 24, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ