မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Monday, February 13, 2012

လှိုင်သာယာ အလယ်ရွာရှိ မီးဘေးသင့် ပြည်သူတွေကို နိုင်းငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ သွားရောက် ကူညီ ( ရုပ်သံ-သတင်း )

မိသားစုအနုပညာအိမ် | Monday, February 13, 2012 | Best Blogger Tips


လှိုင်သာယာ အလယ်ရွာရှိ  မီးဘေးသင့် ပြည်သူတွေကို
နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း ၍ သွားရောက် ကူညီ

နိုင်ငံရေး အကျဉ်းသားဟောင်း အယောက် ၅၀ ကျော် စုပေါင်းပြီး လှိုင်သာယာမြို့နယ် အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဝန်းအတွင်းမှာ ရှိတဲ့အလယ်ရွာရှိ မီးဘေးသင့် ပြည်သူတွေကို
ဖေဖော်ရီလ ၁၂ ရက်နေ့က အိုးခွက်၊ ပန်းကန်၊ ဆပ်ပြာ အစရှိတဲ့ အသုံး အဆောင် ပစ္စည်းတွေကို သွားရောက် လှူဒါန်းခဲ့ကြတာပါ။ ဒီ လှူဒါန်းမှုမှာ ရွှေတွံ့တေး ဆရာတော် ဦးဝါယမ မှလည်း မီးဘေးသင့်
ပြည်သူ တစ်ယောက်ဆီကို ငွေကျပ်တထောင်စီ လှူဒါန်း ခဲ့ပါတယ်။ အလယ်ရွာမီးလောင်ကျွမ်းမှုဟာ
ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဝက်သား တုတ်ထိုးဆိုင်က ဈေးရောင်းဖို့ မီးမွှေးရာကနေ စတင် မီးလောင်ကျွမ်းတာလို့ သိရှိရပြီးအိမ်ခြေ ၃၄၀ ဝန်းကျင်ခန့်  လောင်ကျွမ်းပျက်ဆီး ခဲ့ရပါတယ်။
အစိုးရ အာဏာပိုင်တွေဘက်က ဒီမီးဘေးသင့်ပြည်သူ အယောက် ၁၅၀၀ ကျော်ရဲ့လိုအပ်ချက်တွေကို
လာရောက် စုံစမ်း မေးမြန်းမှုတွေ ရှိခဲ့ပေမယ့်လည်း အခု အချိန်အထိတော့ ထိရောက်တဲ့ ကူညီဆောင်ရွက်မှု
မျိုး မရှိသေးဘူးလို့ သိရှိရပါတယ်။

( ရုပ်သံ-သတင်း )
video

ရုပ်သံ-သတင်း
BURMA VJ MEDIA
MONDAY, FEBRUARY 13, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ