အစိုးရ ၏ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၂၅ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့
Strand Hotel တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပစဉ်။
ဓာတ်ပုံ-နေလင်းထွန်း
ဓာတ်ပုံ-နေလင်းထွန်း
ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှင့် မွန် ပြည်သစ်ပါတီ ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး
အဖွဲ့တို့မှ ယနေ့နံနက် ၁၀ နာရီ ခွဲ ဝန်းကျင်တွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်ဆဲရေး အပါအဝင် အချက် ငါး ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး နှိုင်ခဲ့သည်။
ထို့အပြင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူညီချက် လေးချက် ကို
ထို့အပြင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူညီချက် လေးချက် ကို
လည်း သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို ပြည်ထောင်စု ဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်း
တို့ ဦးဆောင်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်ရော့စ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်
ရောက်ဆွေးနွေး ခဲ့ကြသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မော်လမြိုင်မြို့ရှိ Strand Hotel တွင် ကျင်းပခဲ့ခြင်း
ဖြစ်သည်။
အစိုးရ ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှင့် မွန်ပြည်သစ် ပါတီ တို့ ပြည် ထောင်စု
အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် ၄ ချက်။
(က) တစ်တိုင်းပြည်လုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရန် အထူးသဖြင့် တိုင်းရင်းသား နယ်မြေများ
(က) တစ်တိုင်းပြည်လုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရန် အထူးသဖြင့် တိုင်းရင်းသား နယ်မြေများ
အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခ များ အမြန်ဆုံး ရပ်စဲရန်။
(ခ) အပစ်အခတ် ရပ်စဲချိန် မှ စ၍ အများဆုံး ၄၅ ရက်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန်။
သင့်တော်သော အကျိုးဆောင် ပုဂ္ဂိုလ်များကို လေ့လာအကဲခတ် သူအဖြစ် ပါဝင်ခွင့်ပြုပြီး-
(၁) လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံး နှင့် အပစ် အခတ်ရပ်စဲ ပြီးစီးပါက လက်နက် ကိုင်

တိုင်းရင်းသားအဖွဲ့အစည်းများ ၏ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ၊ နိုင်ငံရေးဆွေး
နွေးဖော်ဆောင် သွားရန်။ အကယ် ၍ မိမိတို့ နှင့် အပစ်အခတ် ရပ်ချိန် မှစပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ
အထိ အဖွဲ့အစည်းအားလုံး နှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေး ပါက စုစည်း နှင်သော အပစ်ရပ်
အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ နှင့် အစိုးရ ကိုယ်စားလှယ်တို့ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖော်
ဆောင်သွား ရန်။
(၂) ဤ နိုင်ငံရေး ဆွေးနွေးပွဲ ပြေလည်မှု အပေါ် အခြေခံ၍ ပြည် တွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီ အဖွဲ့
(၂) ဤ နိုင်ငံရေး ဆွေးနွေးပွဲ ပြေလည်မှု အပေါ် အခြေခံ၍ ပြည် တွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီ အဖွဲ့
အစည်းများနှင့် ဒီမိုကရေစီ အင်အားစုနိုင်ငံရေးပါတီများ ၏ ကိုယ်စားလှယ်များပါ ပါဝင်စေပြီး အမျိုးသား
စည်းလုံးညီညွတ်ရေးကို ဆက်လက်ဆွေးနွေးသွားရန်။
သတင်း
7Day News Journal
SATURDAY, FEBRUARY 25, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ