ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး မှအမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က လုပ်ပိုင်ခွင့်ရှိ ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူမှု နှင့် မလျော်သြဇာ ကျင့်သုံးမှုများ ဆက်လက်ပြုကျင့် နေဆဲရှိ နေပါသဖြင့် ထိုအပြုအမူများ ပျောက်ကွယ်သွားရန် လက်တွေ့ကျကျ ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှု များကို ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက '' ၀န်ထမ်းမ သမာမှု၊အဂတိ
လိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာ များကို နိုင်ငံတော်အဆင့် အနေဖြင့် ဖော်ထုတ် အရေးယူသွားရန် ညွှန်ကြား ထားကြောင်း၊ ယင်းကဲ့သို့ ကျူးလွန်မှုများ ပေါ်ပေါက်ပါက တိုင်းကြားနိုင်ရန် ၀န်ကြီးဌာန များ
အလိုက် တယ်လီဖုန်း နံပါတ်များ ထုတ်ပြန် ပေးထားပါတယ်။ ၂၀၀၅ ခုနှစ် ကတည်းက ကုလသမဂ္ဂ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှာ သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ ၀န်ထမ်းမသမာမှု၊ အဂတိ လိုက်စားမှု တွေနဲ့ မလျော်သြဇာ သုံးစွဲမှုတွေ ပပျောက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ လာဘ်ပေးသူ၊ လာဘ်ယူသူတွေ ပြုပြင်ဆင်ခြင်ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့
ပြည်သူများအကြား အသိပညာပေးခြင်း၊ ထိရောက်စွာအရေးယူခြင်းတို့နဲ့ ကုစားဆောင်ရွက်သွားရမှာ ဖြစ် ပါတယ်။ တိုင်ကြားသူတွေ အနေနဲ့လည်း ဖြစ်ရပ်မှန်ကို ပြည့်စုံ မှန်ကန်တဲ့ အချက်အလက်၊ ခိုင်လုံတိကျ
တဲ့အထောက်အထားတွေနဲ့ စနစ်တကျ တိုင်ကြားဖို့ လိုပါတယ်။ ဒါမှသာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း
တွေအနေနဲ့ ပါဝင် ပတ်သက် ကျူးလွန်နေသူတွေ စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်
သွားနိုင်မှာဖြစ်ပါတယ်''ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြန်လည်ဖြေကြားခဲ့သည်။
လာဘ်ပေး လာဘ်ယူ မှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ် ပျောက်ကွယ်သွားရန် အတွက် ကာယကံရှင် နစ်နာသူ သို့မဟုတ် ပြည်သူများ အနေဖြင့် အဖြစ်မှန်အခြေအနေမှန်များ ကို အထောက်
အထားခိုင်လုံစွာ တာဝန်ယူပြီး စနစ်တကျ တိုင်ကြားပါက စိစစ် အရေးယူသွားမည် ဖြစ်ကြောင်း . . . လာဘ်ပေး လာဘ်ယူမှု နဲ့ မလျော်သြဇာ ကျင့်သုံးမှုများ အမှန်တကယ် ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန် အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီးစနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း . . .
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ် ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင် နစ်နာသူ သို့မဟုတ် ပြည်သူများ အနေဖြင့် အဖြစ်မှန်အခြေအနေမှန်များကို အထောက်
အထားခိုင်လုံစွာ တာဝန်ယူပြီး စနစ်တကျတိုင်ကြားပါက စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း ( EMG )
THURSDAY, 16 FEBRUARY 2012
No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ