တိုင်ရီ စက်ရုံ ဆန္ဒပြ အလုပ်သမား များ
( ရုပ်သံ-သတင်း )
တိုင်ရီ ဖိနပ်စက်ရုံ မှ ဆန္ဒပြ အလုပ်သမားတွေရဲ့ကိုယ်စားလှယ် ၄၅ ဦးတို့က ဦးဆောင်ပြီးလာမည့်
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မြို့နယ်ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းရေး ကော်မတီရဲ့တရားခုံရုံး
မှာ တရား ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ အခြေခံလစာငွေ တနာရီ ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ရှစ်ထောင်ကျပ် ရရှိဖို့ ဆန္ဒပြနေတဲ့ တိုင်ရီစက်ရုံ အလုပ်သမားတွေဟာ ဒီကနေ့အထိ စက်ရုံ ပိုင်ရှင်ဘက်က မလိုက်လျော
ပေးတဲ့ အတွက် အခုလို တရားဥပဒေအရ ရင်ဆိုင်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။
ဒီကနေ့ စက်ရုံရှေ့မှာ လာရောက် စုဝေးနေတဲ့ တိုင်ရီ စက်ရုံ အလုပ်သမား တွေကို တသီးပုဂ္ဂလအလှူရှင်တွေ
နဲ့ စေတနာရှင် ပြည်သူတွေက အချိုရည်နဲ့ ကြာဇံကြော်တွေ အပြင် ရေသန့်ဗူးတွေကိုလည်း လာရောက် ဝေငှ
ပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်ကလည်း တိုင်ရီ ဖိနပ် စက်ရုံ အလုပ်သမား တောင်းဆိုနေတဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ရရှိဖို့အတွက် အောင်မြင်မှု
ရသည် အထိ ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း သဘောထား ကြေငြာချက် ကို ဖေဖော်ဝါရီလ ၁၉
ရက်နေ့က ထုတ်ပြန် ကြေငြာ လိုက်ပါတယ်။ တိုင်ရီ စက်ရုံ အလုပ်သမား တွေက တရားစွဲဆိုရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဆွေးနွေး တိုင်ပင်ကြဖို့ အတွက်မနက်ဖြန်မှာ ဆန္ဒပြနေတာကို ခေတ္တရပ်နားမှာ ဖြစ်
တယ်လို့ သိရှိရပါတယ်။
ရုပ်သံ-သတင်း
BURMA VJ MEDIA
MONDAY, FEBRUARY 20, 2012
ရုပ်သံ-သတင်း
BURMA VJ MEDIA
MONDAY, FEBRUARY 20, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ