အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရုံးချုပ် ၌ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနား
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရန်ကုန်မြို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပ ခဲ့ပါတယ်။
အဲဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး၊ ဦးဝင်းတင် နဲ့ အခြား အဖွဲ့ချုပ်ဝင်တွေ နဲ့ စိတ်ဝင်စားသူ
အများအပြား တက်ရောက် ခဲ့ကြပါတယ်။ အဲဒီပွဲမှာ သဘာပတိ နာယက ဦးတင်ဦး မှ အဖွင့် အမှာစကား
အနေနဲ့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကိုလဲ ပြောကြား ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင် ၂၁ ဦးတို့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ သမိုင်းမှတ်တိုင်တစ်ခု
စိုက်ထူခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့လို့ သတ်မှတ် ခဲ့ကြတာ အခုဆို ၆၅ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ် ခင်ဗျာ။
( ရုပ်သံ-သတင်း )
ရုပ်သံ-သတင်း
BURMA VJ MEDIA
MONDAY, FEBRUARY 13, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ