၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဒီပဲရင်း အဖြစ်အပျက်အတွက်ကို မိမိခေါင်းထဲ၌ မထား
ပါကြောင်း လက်ရှိအစိုးရအဖွဲ့အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း
ဦးတင်ဦး က ပြောကြားလိုက်သည်။
ယင်းအဖြစ်အပျက် ဖြစ်ပျက်ပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ ခေါင်းဆောင် နှင့် ပထမဆုံး
တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၊ ပြောရသည့် အကြောင်းရင်းမှာ တိုင်းပြည် ငြိမ်းချမ်းစေချင်သည့် တခု ထည်းအတွက် ဖြစ်သည်ဟုလည်း ဦးတင်ဦး ကပြောဆိုသွားသည်။
ဗိုလ်တထောင် မြို့နယ် ရုံးအား ဦးတင်ဦးက ဖွင့်လှစ်ပေးနေစဉ်
အခါမျှ ထပ်မံ မဖြစ်ပွားရန်တော့ လိုအပ်သည် ဟုလည်း တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်း ဦးတင်ဦး က ပြော
သည်။
ယနေ့ နံနက်ပိုင်း ဗိုလ်တထောင်မြို့နယ် အန်အယ်လ်ဒီ ရုံးခန်းဖွင့်ပွဲတွင် သဘာပတိအဖွဲ့နာယက ဦးတင်ဦး က ဖွင့်ပွဲအမှာစကားပြောကြားစဉ် ဒီပဲရင်း အဖြစ်အပျက်အကြောင်းကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်
သည်။
ဒီပဲရင်း အဖြစ်အပျက် ဖြစ်ပျက်သည့်နေ့က ဒေါ်အောင်ဆန်းစုကြည် အား ဦးတင်ဦး က လုံခြုံရေး အခြေ
အနေကို အကဲခတ်ကာ မသွားဖို့ တိုက်တွန်းသော်လည်း ဒေါ်အောင်ဆန်းစုကြည် က သွားရောက်ရန် ဆုံးဖြတ်ခဲ့သည် ဟုလည်း ဦးတင်ဦး က ယနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။
ဒေါ်အောင်ဆန်းစုကြည် က စာရေး သားရာမှ ရရှိသည့်ဝင်ငွေဖြင့် ဒီပဲရင်း အဖြစ်အပျက်ကြောင့် ဒုက္ခရောက်ခဲ့ရ သူများအား ယနေ့တိုင် ထောက်ပံ့ပေး လျက်ရှိသည်ဟုလည်း ဦးတင်ဦး က ပြောဆိုသည်။
ဒီပဲရင်း အဖြစ်အပျက်မှာ ၂၀၀၃ ခုနှစ်မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်လျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်လ်ဒီ အဖွဲ့ဝင်များကို ကျည်ရွာ
အနီးတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များဟု ယူဆရသည့် အကြမ်းဖက်သူ အုပ်စုက ရိုက်နှက်သတ်ဖြတ်
ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။
ယင်းအဖြစ်အပျက် နှင့် ပတ်သက်၍ န၀တ အစိုးရ က လူ ၄ ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရခဲ့သည်ဟု ဆိုသော်လည်း အတိုက်အခံဘက်မှ ပြောဆိုချက်အရ လူ ၇၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
သတင်း ( YPI )
TUESDAY, FEBRUARY 28, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ