မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Monday, February 6, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သန်လျှင်မြို့ေ၇ွးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက် အမည်စာရင်းတင်သွင်း ( ဓာတ်ပုံ နှင့် ရုပ်သံ-သတင်း )

မိသားစုအနုပညာအိမ် | Monday, February 06, 2012 | Best Blogger Tips

ဒေါ်အောင်ဆန်းစုကြည် အား ကော်မရှင်ရုံး မှ တာဝန်ရှိသူ များက 
မိနစ်  ၄၀  ခန့်အကြာ တွေ့ဆုံ မေးမြန်း စိစစ်နေစဉ်

ယနေ့နံက် ( ဖေဖော်ဝါရီ  ၆  ရက် ) နံနက် ၁၀ နာရီက သန်လျင်မြို့ ရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ
ကော်မရှင် ရုံးတွင်ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် မဲဆန္ဒနယ် မှ ၀င်ရောက် ယှဉ်ပြိုင်ရန် အမည်
စာရင်း တင်သွင်းထားမှုကို ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မိနစ် ၄၀ ခန့်အကြာတွေ့ဆုံမေးမြန်း စိစစ်နေ
စဉ်။ ထိုတွေ့ဆုံစိစစ်မှုအပြီး ခရိုင်ကော်မရှင်ရုံးက လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်
ဒေါ်အောင်ဆန်းစုကြည် အမည် တင်သွင်းမှုကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

ခရိုင် ကော်မရှင်ရုံး သို့  လာရောက်သော
ဒေါ်အောင်ဆန်းစုကြည် ကို သန်လျင်မြို့မှ ဒေသခံ များက ကြိုဆိုစဉ်။

ဓာတ်ပုံ - ဝေယံ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည် 
ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံး မှ ပြန်လည် ထွက်ခွာ လာစဉ်။

ဓာတ်ပုံ - ဝေယံ

သတင်း
7Day News Journal
MONDAY, FEBRUARY 06, 2012



 ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်း တင်သွင်း ထားမှုကို ရွေးကောက်ပွဲ
ကော်မရှင်က စိစစ်ခြင်း နှင့် ပတ်သက်၍ ''အားလုံး စိစစ်ပြီးသွားပြီ။ ပြဿနာ မရှိဘူး။ စိစစ်လို့ ပြီးသွားပြီ။ အဲဒါတော့ အတည်ဖြစ်တယ် ဆိုတဲ့ စကားလုံးကြတော့ သူတို့ ကော်မရှင်က ကြေညာချက် ထုတ်ပါတယ်။ အဲဒါကို စောင့်ရမယ် '' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့က Eleven Media Group သို့ အတည်ပြုပြောကြားခဲ့သည်။

သတင်း ( EMG )
MONDAY, FEBRUARY 06, 2012

ဒေါ်အောင်ဆန်းစုကြည် တောင်ပိုင်းခရိုင် ကော်မရှင်ရုံးသို့ သွားရောက် ( ရုပ်သံ-သတင်း )
ဒေါ်အောင်ဆန်းစုကြည် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဌ )
ယနေ့ နံနက်  ၁၀း၀၀  နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည် သည် သံလျှင်မြို့ ရှိ တောင်ပိုင်း ခရိုင် ကော်မရှင်ရုံး သို့ အဆိုပြုလွှာ စီစစ်ရန် သွားရောက် ခဲ့ပါတယ်။
( ရုပ်သံ-သတင်း )
video

ရုပ်သံ-သတင်း
BURMA VJ MEDIA
MONDAY, FEBRUARY 00, 2012 




No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ