မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Sunday, February 19, 2012

အာဏာစက်ထက် ခဲတံချွန်စက်ကမှ ပိုအသုံးဝင်ဦးမယ်.... (ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင် ဂမ္ဘီရအား အာဏာစက်ဖြင့် အရေးယူမည်)

မိသားစုအနုပညာအိမ် | Sunday, February 19, 2012 | Best Blogger Tips


ဒီကနေ့ ထုတ် သတင်းစာ မှာ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင် ဂမ္ဘီရ အားအာဏာစက်ဖြင့် ဆောင်
ရွက်မည်တဲ့။ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကိုပါ ထိ...ပါးစော်ကားမှုကျူးလွန်ခဲ့တယ်ဆိုလို့ ပြောရ
ပါဦးမယ်။

နိုင်ငံတော် အဆင့် သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး က ရွှေညဝါ ဆရာတော်ကြီး တရားပြန်လည် ဟောခွင့်ပြုမိန့်အား ဗန်းမော် ဆရာတော်ကြီး ရဲ့ ဓမ္မစက် လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တာကို ဥပဒေ
နဲ့ မညီဆိုပြီး ပြန်လည် ပယ်ချပိတ်ပင်တာ နိုင်ငံတော်အဆင့်သံဃာ့အဖွဲ့အစည်းဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီး
ကို စော်ကားတာ မဟုတ်လို့ ဘာလဲဗျ...။

ရွှေညဝါ ဆရာတော်ကြီးအား ကျောင်းတိုက် မှ အဓမ္မဖယ်ရှားရေး ၄၇ ပါးစုံညီ ထုတ်ပြန်စာကို `ဥက္ကဋ္ဌ
ဆရာတော်ကြီး မသိပဲ ထုတ်ပြန်တာ လည်း အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးကို စော်ကား
တာ မဟုတ်ဘူးလား၊ လုပ်ရက်လေခြင်းလို့ ဗန်းမော် ဆရာတော်ကြီး မိန့်တော်မူခဲ့တာ အတိအကျသတင်းပါ။

ဒီတော့ ဗန်းမော် ဆရာတော်ကြီး ရဲ့ အမိန့်စာ ကို မထေမဲ့မြင်ပြု၊ ဗန်းမော် ဆရာတော်ကြီး မသိပဲအစည်းအဝေး
ဆုံးဖြတ်ချက်တွေ ချပြီး ထိပါး စော်ကားတဲ့ အာဏာပိုင် အာဏာစက် သာသနာရေး ဦးစီးဋ္ဌာနကို ဓမ္မစက် နဲ့ သာသနာတော် ကို အာဏာဖြင့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိလို့ ပြန်အရေးယူ ထုတ်ပြန်ရင် လက်ခံမလား။

ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်နဲ့ထုတ်ပြန်ခဲ့တဲ့ အမိန့်စာကို ပယ်ချတဲ့
အာဏာပိုင်တွေကို ဘာစက်နဲ့ အရေးယူမလဲ.




သတင်း-ဒီမိုဝေယံ
SUNDAY, FEBRUARY 19, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ