၈၈ မျိုးဆက် ကျောင်းသားများ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
၈၈ မျိုးဆက် ကျောင်းသား များအနေဖြင့် အရပ်ဘက် အဖွဲ့ အစည်း အားကောင်းအောင် လုပ်ဆောင်သွားရန်
ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ က ပြောသည်။ ဦးမြကြိုင် အင်္ဂလိပ်စာသင် တန်းကျောင်း၌
ပြုလုပ်သော COC ပညာဒါန အဖွဲ့၏ နှစ်ပတ်လည်ပွဲ တွင် ၄င်းက ပြောသည်။ ''ပညာဒါန ပေးတာ၊ ကျောင်း ဖွင့်တာတို့က Social Society ပါပဲ ။ ဒီမှာရှိတဲ့ Volunteer တွေကို အကြံ ပြုချင် တာက ပရဟိတ စိတ်ကို ခိုင်မာသည် ထက် ခိုင်မာအောင် လုပ် ကြပါ ။ ပရဟိတ စိတ် ခိုင်မာလာ သည်နှင့်အမျှ အတ္တ ဝါဒီတွေ ကျဆုံး ပါလိမ့်မယ် ''ဟု ၄င်းက ပြောကြား ခဲ့သည်။ ၂ဝဝ၃ ခုနှစ် ကတည်းက စတင် ဖွဲ့စည်းခဲ့ပြီး အင်္ဂလိပ်စာ ဝါကျဖွဲ့
နည်း ကျမ်းကို ရန်ကုန်၌ သာမက နယ် ဒေသများသို့ပါ ပညာဒါနသင်ကြား ပေးခဲ့သော COC ပညာဒါန အဖွဲ့ အနေဖြင့် လက်ရှိ တွင်လည်း ဖိတ် ကြားသော ဒေသများသို့ လိုက်လံ သင်ကြား ပေးလျက် ရှိကြောင်း၊ သင် ကြားရာတွင် မူလတန်း- အလယ် တန်းနှင့် အထက်တန်း- ဘွဲ့ရ ဟူ၍ အဆင့် နှစ်ဆင့် ခွဲထားပြီး အချိန် တစ်လမှ သုံးလအထိ လိုက်လံ သင် ကြား ပေးလျက် ရှိကြောင်း၊ လက်ရှိ တွင် COC အဖွဲ့၌ လုပ်အားပေး ဆရာ ၄ဝ ကျော် အထိရှိလာပြီ ဖြစ် ကြောင်း၊ COC အဖွဲ့၏ အထိမ်း အမှတ်ပွဲတွင် လူငယ်ကိုယ်စားပြု အဖွဲ့ တစ်ဖွဲ့ဖြစ် သော ၈၈ မျိုးဆက် ကျောင်းသားများ ၏ အတွေ့အကြုံ များကို ကျောင်းသား လူငယ်များ အား
ဝေမျှပေးရန် ဖိတ်ကြား ခဲ့ခြင်း ဖြစ်ကြောင်း COC မှ ဆရာ ဦးမကြိုင် က ပြောသည်။
ပွဲသို့ တက်ရောက်လာသော ၈၈ မျိုးဆက်ကျောင်းသူ တစ်ဦးဖစ် သည့် မနီလာသိန်း က''လူငယ် တွေရဲ့
ဦးဆာင် မှု အခန်းကဏ္ဍက အစ်မ တို့ ပြန်လွတ် လာတဲ့ အချိန်မှာ အများကြီး အရေးပါ နေပြီး အရေး ကြီးတဲ့
အချိန်တစ်ခု ကို လည်း ရောက် နေ ပြီ။ ပြန်ထွက် လာတဲ့ အချိန်ကစပြီး တော့ လူငယ်တွေနဲ့တွေ့တဲ့အခါမှာ လူငယ်တွေ ကနေပြီးတော့ အစ်မ တို့ကို အကြံဥာဏ်တွေ ပေးပါ။ လူငယ်တွေရဲ့ ဦးဆာင်မှု နောက်မှာ အစ်မတို့ လိုက်ပါဖို့ အဆင်သင့်ပါပဲ ဆိုတဲ့စကားကို အမြဲပြောပါ တယ်'' ဟု လူငယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
သတင်း
Popular Myanmar News Journal
THURSDAY, FEBRUARY 16, 2012
သတင်း
Popular Myanmar News Journal
THURSDAY, FEBRUARY 16, 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ