မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Thursday, February 23, 2012

23-02-2011 ရက်နေ့ ( Facebook ) ပေါ်မှ သတင်းတိုများ။

မိသားစုအနုပညာအိမ် | Thursday, February 23, 2012 | Best Blogger Tips

 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့ သည့် ယနေ့ နေ့လယ်၁နာရီ၄၅မိနစ် လေယာဉ်ဖြင့် မြစ်ကြီးနား
သို့  ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။


သတင်း
Yangon Press International
 **********************************************************************************
သိမ်ကြီးဈေး B ရုံ အရှေ့၌ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀း၂၀ မိနစ် အချိန်က ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းနှင့် မဟာဗန္ဓုလလမ်း
ထောင့်ရှိ သိမ်ကြီးဈေး B ရုံ အရှေ့၌ မြေအောက်ဝါယာကြိုး အပူလွန်၍ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ထိုမီးလောင်မှုအား ဈေးသူဈေးသားများမှ မီးသတ်ဆေးဘူးများဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်မှုကြောင့်
ဈေးဆိုင်ခန်းများသို့ ကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။


----------------------------------------------------------------------------------------------------------------
မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် သမိန်ထော ၊ဂွေးကြီးကုန်းရွာ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမိန်ထော ၊ဂွေးကြီးကုန်းရွာ ယနေ့ နံနက် ၁၁နာရီ ခွဲ အချိန်တွင်
 မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် ၄၃ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ငွေကျပ် ၅၅ သိန်း ၉ သောင်း ခန့် ပျက်စီးဆုံးရှုံး
ခဲ့ကြောင်း သိရသည်။
ထို မီးလောင်မှုမှာ အဆိုပါ ကျေးရွာနေ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်ထားသူ ဦးဝင်းအောင် မှ အိပ်ရာထဲ 
ဆေးလိပ်သောက်ရာမှ အနီးရှိ အိပ်ရာခင်းသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ထိုမီးလောင်မှုကို 
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှ မီးသတ်ယာဉ် ၄၃ စီးဖြင့် ငြိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီ 
၁၅ မိနစ်အချိန်တွင် လုံးဝမီးငြိမ်းခဲ့ကြောင်း နှင့် ၄င်းမီးလောင်မှုကြောင့် အိမ်ထောင်စု ၅၃ စုမှ လူဦးရေ ၂၁၅ 
ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။



သတင်း
Popular Myanmar News Journal
----------------------------------------------------------------------------------------------------------------


‎"သူရ ဦးရွှေမန်းအား RFA လာရောက်တွေ့ဆုံ"

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအား RFA သတင်းဌာနမှ ဖေဖော်ဝါရီ ၂ ရက် နေ့တွင် နေပြည်တော် ၌ လာရောက် တွေ့ဆုံခဲ့ သည်။
RFA သတင်း ဌာနမှ Executive Producer ဖြစ်သူ Mrs. Su San Lavery ခေါင်းဆောင်သော အဖွဲ့သည် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်၌ လာရောက် တွေ့ဆုံခြင်း ဖြစ်ပြီး ပြည်သူ့လွှတ် တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော်ရေး ရာ ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တိုင်းရင်းသား ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပြည်တွင်းသတင်း မီဒီယာများမှ တာဝန်ရှိ သူများ တက်ရောက်ကြ သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ဖွဲ့ စည်း တည်ဆောက်ပုံ၊ လွှတ်တော်၏ တာဝန်များ၊ လွှတ်တော်များ တည်တံ့ ခိုင်မြဲရေး အတွက် လွှတ်တော် ကိုယ်စားလှယ် များအား အရည်အသွေး မြင့်မား တိုးတက်အောင် ဆောင်ရွက်နေ မှုနှင့် နိုင်ငံတကာ လွှတ်တော်များသို့ သွားရောက် လေ့လာခဲ့မှုများ၊ ဒီမိုကရေစီ ရှင်သန် ခိုင်မာရေး အတွက် လွှတ်တော် ကော်မတီများသည် အရေးပါသည့် အခန်း ကဏ္ဍ၌ ပါဝင်သောကြောင့် မူလ ကော်မတီ(၄)ခု အပြင် လိုအပ်သည့် ကော်မတီများ တိုးချဲ့ ဖွဲ့စည်းဆောင် ရွက်နေမှု တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ပြောကြားသည်။

သတင်း
Popular Myanmar News Journal
**********************************************************************************

၈၈ မျိုးဆက် ကျောင်းသားများ စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များထံ သွားမည်။

စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ထံသွားမည့် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ ခရီးစဉ်အကြောင်းကို ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေး နှင့် လေယာဉ်မထွက်ခွာမီ တွေ့ ဆုံ မေးမြန်းမှုမှာ.....

P - အစ်ကိုတို့သွားမယ့် မြစ်ကြီးနား ခရီးစဉ်အကြောင်းလေး သိပါရစေ။
ကိုမြအေး - ခရီးစဉ်က မြစ်ကြီးနားမှာ မနက်ဖြန် ၂၄ ရက်နေ့မှာ လုပ်မယ့် ဘာသာပေါင်းစုံ ပွဲပေါ့ ဗျာ မြစ်ဆုံစီမံကိန်း ရပ်သွားပြီးတော့မှ ကျေးရွာတွေ အနေထိုင် မပျက်ပြန်ပြီးနေလို့ ရမယ့် အခြေနေဖြစ်တဲ့ အတွက်ကြောင့် ဘာသာပေါင်းစုံ ကနေပြီးတော့မှ ကျေးဇူးတင်တဲ့ အနေ နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲပေါ့ဗျာ အဲဒီလုပ်တဲ့ပွဲကို ကျွန်တော်တို့သွားတက်မှာ ပါ။ ဒေသခံတွေ ဖိတ်ကြားတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ ၂၄ ရက်နေ့မှာ တက်မှာပါ။ ဒီနေ့တော့ လေဆိပ်ကနေကိုအခုထိမထွက်ရသေးဘူး။

P - အစ်ကိုတို့ ၁နာရီ၄၅ မိနစ်မှာ ထွက်မယ် ထင်တယ်။
ကိုမြအေး - ဟုတ်ပါတယ်။

P - အစ်ကိုစစ်ဘေးသင့်ဒုက္ခသည်တွေကို လှူဒါန်းဖို့ ကိစ္စကရော….
ကိုမြအေး - စစ်ဘေးသင့် ဒုက္ခသည်တွေကို လှူဖို့တန်းဖို့ကို ကျွန်တော်တို့ကိုနာရေး ကူညီမှု အသင်း က သိန်း ၁၀၀ အပါအ၀င် အားလုံးပေါင်း သိန်း ၁၁၀ ကျွန်တော်တို့ကို လှူမှာ ဖြစ်ပါတယ်။ အဲဒီသိန်း ၁၁၀ ကို မြစ်ကြီးနား ရောက်တဲ့ အခါမှာ စစ်ဘေး သင့်ဒေသတွေ အဲဒီမှာ ရှိတဲ့ ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့မှ ကျွန်တော်တို့က ဘယ်သူတွေ ကို လှူရင် သင့်တော်မလဲ ဆိုတာ အဲဒါဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်မှာပါ။ ဘာလို့ ဆိုတော့ ဒေသခံတွေနဲ့ တိုင်ပင်ပြီး စစ်ဘေး ဒုက္ခသည်တွေ မှာလည်း လိုအပ်တဲ့ စခန်းနဲ့ မလိုအပ်တဲ့ စခန်းတွေ ရှိတဲ့အတွက် ကျွန်တော်တို့က အဲဒါတွေလည်း မသိဘူး ဆိုတော့ အဲဒီက ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ ကျွန်တော်တို့လုပ်မှာပါ။

P - အစ်ကိုတို့ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။


သတင်း ( YPI )
THURSDAY, FEBRUARY 23, 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ