မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Tuesday, January 31, 2012

လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana မြန်မာနိုင်ငံသို့ လာရောက်

မိသားစုအနုပညာအိမ် | Tuesday, January 31, 2012 | Best Blogger Tips

မြန်မာ အစိုးရ ၏ ဖိတ်ကြားချက် အရ လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်ရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်  Tomás Ojea Quintana သည် မြန်မာနိုင်ငံ သို့  ဇန်န၀ါရီလ  ၃၁ ရက်နေ့က ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။

“ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော်တို့ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။ အခုလာတဲ့အဖွဲ့က မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အရေးကြီးတဲ့အချိန်မှာ လာရောက်တာပါ။ ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ သွားရောက်ခဲ့တဲ့ ခရီးစဉ်နောက်ဆက်တွဲ အနေနဲ့ရော ယခု တိုးတက်မှုတွေအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အကဲဖြတ်ဖို့ပါ”
ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana က ဇန်န၀ါရီလ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana၏ ခြောက်ရက်ကြာမြင့်
မည့်မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတာဝန်ရှိသူများနှင့် တွေ့
ဆုံရန်ရှိကြောင်းလည်း သိရှိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်  Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့  ၂၀၀၈  ခုနှစ် သြဂုတ်လ က ပထမဆုံး လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှ စ၍ စတင်ဆောင်ရွက်နေသည်။ ၎င်းနောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်မှာ ၂၀၁၁ ခုနှစ် သြဂုတ်လက ဖြစ်သည်။


သတင်း ( EMG )
TUESDAY, 31 JANUARY 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ