မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Friday, January 20, 2012

KNU အဖွဲ့သားများအတွက် မှတ်ပုံတင် ထုတ်ပေးမည်

မိသားစုအနုပညာအိမ် | Friday, January 20, 2012 | Best Blogger Tips


 ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား
အစည်းအရုံး KNU တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီး
နောက် KNU အဖွဲ့သားများ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

KNU အဖွဲ့သားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပြုလုပ်ပေးရာတွင် အထူးအဖွဲ့များ ဖွဲ့စည်း၍ မှတ်ပုံတင် မြန်ဆန်မှန်ကန်စွာ ရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၎င်းKNUအဖွဲ့သား
များမှတ်ပုံတင်ရရှိပြီးပါက မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ အားလုံးကို ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ၌ ပြည်တွင်း ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင်  ကရင်ပြည်နယ် ဘားအံမြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် KNU နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိအချိန်တွင် ၎င်း KNU အဖွဲ့သားများ မှတ်ပုံတင်ရရှိစေရေး
အတွက်သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စတင်ဆောင်ရွက်နေပြီဖြစ်ကာ မှတ်ပုံတင် မရရှိမီကာလများအတွင်း ယာယီသက်သေခံ နိုင်ငံသားသက်သေခံကတ်ပြားများကို ထုတ်ပေး
သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှလည်း  ပြည်ထောင်စုအစိုးရအဖွဲ့နှင့် KNU အဖွဲ့တို့ နှစ်ဦးနှစ်ဖက် နားလည်မှုတည်ဆောက်နေချိန်တွင် ဆက်စပ်လျက်ရှိသည့် စခန်းများနှင့် လှုပ်ရှားစစ်ကြောင်း အသီးသီးတို့ကို ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းထားရန် တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)သို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။


သတင်း
သစ်ထူးလွင်
FRIDAY, JANUARY 20, 2012 

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ