မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Thursday, January 26, 2012

ယနေ့ Facebook မှ လွှတ်တော်သတင်းများ

မိသားစုအနုပညာအိမ် | Thursday, January 26, 2012 | Best Blogger Tips


ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများသည် ဒုတိယပိုင်း လွှတ်တော် အစည်းအဝေးတွင် ဝတ်ရုံ မဝတ်တော့ဘဲ တိုက်ပုံအနက်သာ ဝတ်ဆင်မည် ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး တက်စဉ်ကာလတွင် တိုက်ပုံအနက် ဝတ်ဆင်ခြင်း မပြုရန် အသိပေးထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

 ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ' ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ရန်ပုံငွေ စာရင်း' ခေါင်းစဉ်ဖြင့် ရန်ပုံငွေ တစ်ရပ် ထားရှိရေး အဆိုကို ကချင်ပြည်နယ် မြစ်ကြီးနား မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်း အယ်ဒီတာက သတင်းပေးပို့သည်။

ယနေ့နေပြည်တော်တွင် စတင်ကျင်းပသော လွှတ်တော်အစည်းအဝေးများတွင် သတင်းထောက် များကို တယ်လီဖုန်း၊ လက်ပတော့ကွန်ပျူတာများ သယ်ဆောင်ခွင့်ပြုလိုက်ပြီး ယင်းသို့ခွင့်ပြုခြင်း မှာ ပထမဆုံး
အကြိမ်ခွင့်ပြုခြင်းဖြစ်သည်။

ယနေ့ ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ်
မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် (ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်) က " တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း " နှင့် " ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း " စသည့် အဆိုနှစ်ရပ် တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ လွှတ်တော် အစည်းအဝေးသို့ သွားရောက် သတင်းရယူ
နေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြစ်မှုဆိုင်ရာ ဥပဒေတွင် စာနယ်ဇင်းများအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်သော ပုဒ်မ ၄၉၉ နှင့် ၅၀၀ တို့ကို ဖျက်သိမ်းပေးရန် အဆိုတင်သွင်းမည် ဖြစ်ကြောင်း ဦးသိန်းညွန့်က The Voice Weekly သို့ ပြောကြား
သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတို့ကို ဇန်နဝါရီလ ၂၆ ရက်နေ့ (ယနေ့) နံနက် ၁၀ နာရီတွင် စတင် ကျင်းပမည်
ဖြစ်သည်။ အဆိုပါ လွှတ်တော် အစည်းအဝေး နှစ်ရပ်သို့ ပြည်တွင်း မီဒီယာ ၂၆ ခုနှင့် ပြည်ပ မီဒီယာ ၂၀ ခန့်တို့ တက်ရောက် သတင်းရယူလျက် ရှိသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးတွေ ကို ဒီကနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်အဝေးအတွင်းမှာ တော့ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေ
ငွေစာရင်းတွေကို ထုတ်ပြန်အတည်ပြုဖို့ရှိနေ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် အသုံးစားရိတ်တွေနဲ့
ပတ်သက်ပြီးတော့လည်း ပြည်သူသို့အစီရင်ခံစာ ထုတ်ပြန်နိုင်ဖွယ်ရှိနေပါတယ်။ ဒါအပြင် ဒီလွှတ်တော်
အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုမယ့် လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေငွေစာရင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစားရိတ်တွေကိုလည်း တိုးမြှင့်ပေးဖို့ရှိနေပါတယ်။ ဒီလွှတ်တော်အစည်းအဝေးတွေကတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာ ကြောင့် ရက်သိပ်ကြာ
ဖွယ်မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းမှုတွေရှိနေတယ်လို့ ဒီဗွီဘီ သတင်းမှာ ဖော်ပြထား
ပါတယ်။


သတင်း-သစ်ထူးလွင်
THURSDAY, 26 JANUARY 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ