မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Sunday, January 29, 2012

ရွေးကောက်ပွဲဝင်ခြင်း အဓိကရည်ရွယ်ချက်မှာ အခြေခံဥပဒေကိုပြင်ဆင်ရန်ဟု ဒေါ်အောင်ဆန်းစုကြည် ကဆို

မိသားစုအနုပညာအိမ် | Sunday, January 29, 2012 | Best Blogger Tips

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပထမဆုံး ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် အဖြစ် ထားဝယ် မြို့သို့ရောက်ရှိစဉ်အတွင်း  ပြောကြားသည့် မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည့်အဓိကဦးတည်ချက်မှာဖွဲ့စည်းပုံအခြေခံဥပဒေအထဲမှ ပြည်သူများ
အကျိုးမဖြစ်စေသည့် အပိုင်းများအား ပြုပြင်ရန် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က “  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲဝင်တဲ့ အခါမှာ အရေးကြီးတဲ့ ဦးတည်ချက်တစ်ခု ဆိုပြီးတော့ သတ်မှတ် ထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပဲ ။ ဒါကျမတို့ လုပ်ကို လုပ်ရမယ်လို့ရင်ဆိုင်နေရပါတယ်”  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍  NLD ၏ သဘောထားကို ထားဝယ်မြို့၌ ပြောကြားသွားသည်။

ထို့ပြင် နိုင်ငံရေးပါတီတရပ်အနေဖြင့် ပြည်သူ့နှင့် နီးနီးစပ်စပ်နေနိုင်မှ အရည်အချင်းရှိသည့် ပါတီတရပ်ဖြစ်
မည်ဟုလည်း ပြောဆိုသွားသည်။ “ ကျမတို့အခု တနင်္သာရီကို ဆင်းလာရတဲ့ အကြောင်းရင်းကတော့
ပြည်သူနဲ့ပြန်ပြီးနီးစပ်ဖို့ပဲဖြစ်တယ် “” ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ထားဝယ်မြို့သို့ယနေ့လာရောက်သောခရီးစဉ်တွင်ထားဝယ်မြို့သာမက လောင်းလုံမြို့
၊ မောင်းမကန် ကမ်းခြေတို့အထိ သွားရောက်ခဲ့ရာ ယင်းခရီးစဉ် တစ်လျှောက် ပြည်သူ သောင်းနှင့်ချီ၍ စုဝေး၍ လိုက်ပါခဲ့ကြသည်ကိုတွေ့ရသည်။

လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေ
သကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၅၀ ကျော်ရှိ လစ်လပ်နေရာ ၄၈အနက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်
၊ လောင်းလုံမဲဆန္ဒနယ်တွင် NLD ပါတီမှကိုယ်စားလှယ်လောင်းဦးအောင်စိုးမှဝင်ရောက်ယှဉ်ပြိုင်မည်
ဖြစ်သည်။

 ထားဝယ်မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်တွင် ကြိုဆိုသူ လူအုပ်ကြီးအား နှုတ်ဆက်နေသည်ကိုတွေ့ရစဉ်

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များရွေးချယ်ခြင်းနှင့် ပက်သက်၍ “ လုပ်ပေးချင်တဲ့စေတနာ
ရှိရုံနဲ့ မပြီးပါဘူး။ လုပ်တတ်ကိုင်တတ်မှ ဒီစေတနာကို အကောင်အထည်ဖော်နိုင်မှာပါ “ ဟု ထားဝယ် NLD ရုံးခွဲတွင် ပြောကြားသောမိန့်ခွန်း တွင် ထည့်သွင်းပြောကြားသွားသည်။

“ အခုလိုမျိုးလာလိုက်တော့ လူတွေရင်ထဲမှာ ရင်းရင်းနှီးနှီးရှိသွားတာပေါ့။ နောက် Generation တွေက တစ်ခါမှ မတွေ့ဖူးဘူးလေ။ အဓိက ကတော့ မဲဆွယ် ဖို့လာတာပေါ့လေ။ ခုလိုမျိုး လူထုအားပေးမှုနဲ့ဆိုရင်
တော့ နိုင်မယ်ထင်ပါတယ်။ ” ဟု ထားဝယ်ဒေသခံ အမျိုးသမီးငယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်နှင့် ပက်သက်၍ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ခရီးစဉ်တွင် ထားဝယ်မှ တဆင့် လောင်းလုံမြို့နယ် အောက်ရေဖြူကျေးရွာ၊ ထိုမှ မောင်းမကန်သို့ နေ့လည်တစ်နာရီခန့်တွင် ရောက်ရှိပြီး ညနေ (၃) ခွဲ ၀န်းကျင်ခန့်တွင် ထားဝယ်မြို့ သို့ရောက်ရှိကာ ဗိုလ်ချုပ်လမ်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက်တွင် ညနေလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်လာပြီးနောက် ပဲခူးမြို့ခရီးစဉ်သည် ရန်ကုန်မြို့ပြင်ပ သို့ပထမဆုံး သွားရောက်သည့် ခရီးစဉ်ဖြစ်၍ ယခုထားဝယ်ခရီးစဉ်သည် နယ်လူထုနှင့်ထိတွေ့သည့် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။                  ။
 


ထားဝယ်၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၂ (YPI)

သတင်း ( MNN )
SUNDAY, JANUARY 29, 2012 

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ