မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Monday, January 16, 2012

စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ မေတ္တာ လှုပ်ရှားမှု ကမ်ပိန်း စတင် ( ရုပ်သံ-သတင်း ))

မိသားစုအနုပညာအိမ် | Monday, January 16, 2012 | Best Blogger Tips

 ကက်သလစ်  ခရစ်ယာန်  ဘုရား  ရှစ်ခိုးကျောင်း မှာ
ပြုလုပ်သော  မေတ္တာ ကမ်ပိန်း
ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ ဟိန္ဒူ ၊ အစလာမ် စတဲ့ ဘာသာရေး ဆိုင်ရာ ရဟန်း ၊ လူ ၊ ပုဂ္ဂိုပ်တွေက ချစ်ကြည်
ရေးနဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကမ်ပိန်းလှုပ်ရှားမှု တစ်ခုကို ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ လူဦးရေ ၆၀၀ လောက် တက်ရောက်ခဲ့တဲ့ ဒီဆုတောင်းပွဲ အခမ်းအနားကိုမင်္ဂလာတောင်ညွှန့် မြို့နယ် သိမ်ဖြူလမ်းမှာရှိတဲ့ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်ခဲ့တာပါ။ ဒီ မေတ္တာ ကမ်ပိန်း ဆုတောင်းပွဲအခမ်းအနားမှာ ဆရာတော် ဦးပါမောက္ခ ၊ ရက်ဗရန် ဖာသာ ၊ စောစာဆေး ၊ သျှရီနေကာနူ နဲ့ မိုဟာမက်ဂျမ်း တို့က သူတို့ရဲ့ဘာသာအလိုက် ငြိမ်းချမ်းရေးဆုတောင်းမှု တွေကို ပြုလုပ် သွားခဲ့ပါတယ်။
video

ရုပ်သံ-သတင်း
BURMA VJ MEDIA
TUESDAY, JANUARY 17, 2012


နောက်ဆက်တွဲ သတင်း
ချင်းမိုင် (မဇ္ဈိမ) ။         ။ ‘ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး’ ဆုတောင်းပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လုသရင်ဗက်သလီဟင်း(မ်) ခရစ်ယာန်ဘုရားကျောင်းတွင် တနင်္လာနေ့က ပြုလုပ်ခဲ့သည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ နှင့် အစ္စလာမ် ဘာသာတို့ စုပေါင်း၍ ငြိမ်းချမ်းရေး ဆုတောင်းခြင်းကို မနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း ကမကထပြုခဲ့သည့် မေတ္တာကမ်ပိန်းအဖွဲ့မှ နိုင်ငံရေး အကျဉ်းသား
ဟောင်း ကိုဘထူးမောင်က မဇ္ဈိမကို ပြောသည်။

“လက်ရှိ တိုင်းပြည်မှာ ငြိမ်းချမ်းရေး လိုအပ်နေတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် မေတ္တာတရားက အရေးကြီး တယ်။ တကယ့်စစ်မှန်တဲ့ ကမ္ဘာ့မေတ္တာတရားကို အခြေခံထား ဖြေရှင်းနိုင်မှ ကမ္ဘာတည်သ၍ ငြိမ်းချမ်းရေးကို ရမယ်”ဟု ပြောသည်။
ဘာသာကြီး  လေးခု မှ ဆရာတော်များကို ဖိတ်ကြားခြင်းဖြင့် ယင်းဆရာတော်များက သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းခြင်းနှင့် ငြိမ်းချမ်းခြင်းဆိုင်ရာ တရားဟောခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ထောင်ထဲမှာ ၁၁ နှစ်၊  ဒေါက်ခြေချင်းနဲ့ ရက်ပေါင်း ၅ဝဝ ကြာခဲ့တယ်။ အရင်တုန်းကတော့ ဘယ်လို လက်စားချေမယ်၊ ဘယ်လို ချမယ်ဆိုတဲ့ နာကြည်းမှုတွေအပြည့်ပေါ့။ အခုဟာကတော့ ဘဝအတွေ့အကြုံက သင်ယူလာတဲ့ မေတ္တာတရားသာလျှင် အားလုံး တို့တိုင်းပြည်ကို အမြန်ဆုံး ငြိမ်းချမ်းနိုင်မယ်” ဟု ကိုဘထူးမောင်က ပြောသည်။

မေတ္တာ လှုပ်ရှားမှု အဖွဲ့မှာ ကော်မတီ အဖွဲ့အစည်းတခုမဟုတ်ဘဲ‘ဆရာမရှိ၊တပည့်မရှိ၊ ပြည်သူ့မျက်နှာကြည့်’ 
ဆိုသည့် ဆောင်ပုဒ်သာလျှင်ရှိကြောင်း မေတ္တာလှုပ်ရှားမှုအဖွဲ့မှ ကိုစမ်း က ပြောသည်။

ဒီ ငြိမ်းချမ်းရေး ဆုတောင်း ပွဲတော်ကို ငြိမ်းချမ်းရေး စာရေးဆရာ ဒဂုန်တာရာနှင့် မကြာသေးခင်က မြောင်းမြ
ထောင်မှ လွတ်မြောက်လာတဲ့  အရှင်ဂမ္ဘီရတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဤ မေတ္တာလှုပ်ရှားမှုကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအာင်ကြည်တို့ ပထမဆုံးအကြိမ်
တွေ့ဆုံစဉ်ကတည်းက စတင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


သတင်း
အေးလဲ့-ချင်းမိုင် (မဇ္ဈိမ)
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၂ ခုနှစ်။

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ