အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖြန် - တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အစောဆုံး လေယဉ်နဲ့ ထားဝယ်မြို့ဆီ ရောက်လာမယ် လို့ မျော်လင့် ထားကြောင်း ထားဝယ်နဲ့
လာင်းလုံး ရှိ NLD ပါတီဝင်တွေကပြောပါတယ်။
ထားဝယ် ကိုရောက်ရောက်ချင်း ထားဝယ်မြို့ရှိ ပါတီ- တိုင်းရုံးဆီ အယင်ဆုံးဝင်ပီး အဲဒီမှာ တိုင်းဥက္ကဌ ဦးလှမင်း အပါဝင် တိုင်းကော်မီတီဝင်တွေ ။ ထားဝယ် ။ လောင်းလုံး ။ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်က ပါတီဝင်တွေနဲ ပထမ-ဆုံးတွေ့ဆုံ ဆွေးနွေးမယ်လို့သိရပါတယ်။
ပါတီဝင် တွေနဲ့ဆွေးနွေးပြီးတဲ့အခါမှာတော့ ပြည်လူထုစည်းရုံးရေး ခရီးစဉ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲ
မှာ NLD ပါတီက ၀င်ပြိုင်ဖို့ စာရင်းပေးထားတဲ့ ထားဝယ်နဲ့ တနာရီခန့် ကားမောင်းရ တဲ့ လောင်းလုံးမြို့ဆီ သွားပြီး လောင်းလုံးမြိုနယ် ပါတီရုံးရှေ့မှာ လူထုဟောပြောပွဲလုပ်မယ်လို့သိရပါတယ်။လောင်းလုံးကဟောပြော
ပွဲပြီးတာနဲ့ နောက်ထပ် မီနစ် ၃၀- ခန့်ကားမောင်းရတဲ့ အောက်ရေဖြူရွာမှာလူထုဟောပြောပွဲနောက်တခု
ထပ်လုပ်မယ်လို့သိရပါတယ်။
အဲဒီဟောပြောပွဲပြီးရင်တော့ အောက်ရေဖြူကနေ ထားဝယ်ဖက်ကို ပြန်လာပီး ကမြောကင်း တံတားအနီး သို့မဟုတ် ထားဝယ်တက္ကသိုလ်အနီးရှိ သောကြာပြင် လမ်းဆုံမှာ နောက်ထပ်လူထုဟောပြောပွဲတခုလုပ် မယ်လို့သိရပါတယ်။ အဲဒီပွဲပြီးရင် မောင်းမကန်ကမ်းခြေကို ဆက်သွားမှာ ဖြစ်ပြီး အဲဒီမှာ လူထုဟောပြောပွဲ
တခုထပ်လုပ်မယ်လို့သိရပါတယ်။
မောင်းမကန် ကဟောပြောပွဲပြီးတာနဲ့ လောင်းလုံးမြို့နယ်က ဟောပြောမှုအားလုံး ကို ရပ်တန့်ပြီး ထားဝယ်မြို့
ဆီတန်းပြန်မယ်လို့သိရပါတယ်။ ထားဝယ်မြို့ကအထွက် လေယဉ်ကွင်း မသွားခင်လေးမှာ တော်ဝင်ဦး စတိုး
ရှေ့မှာ ထားဝယ်လူထုကို ဟောပြောပွဲတခုလုပ်ပေးဖို့ စီစဉ် ထားတယ်လို့ ထားဝယ်နဲ့ လောင်းလုံးရှိ ပါတီ ၀င် လူငယ်တွေ ဆီကနေသိရပါတယ်။
ဒါဟာ သူတို့ ဖက်က စီစဉ်ထားတဲ့အစီစဉ်တွေသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရောက်လာမဲ့ အချိန်။
လေယဉ် အချိန်ဇယား ။ ရာသီဥတုနဲ့ တခြားအခြေနေတွေပေါ် မူတည်ပြီး ဟောပွဲပြောပွဲ အစီစဉ် တွေ ပြောင်း
လဲတာမျိုး ရှိကောင်းရှိနိုင်တယ်လို့လဲ သူတို့ကဆိုပါတယ်။
ဒီခရီး စဉ်ဟာ ၁၉၉၀ -ရွေးကောက်ပွဲ အကြို ကာလ မဲဆွယ်မှုနောက် ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ
ဆုံး ထားဝယ် ဒေသခရီးစဉ်ဖြစ်ပါတယ်။ အခု ခရီးစဉ်ဟာ ပါတီ စည်းရုံးရေးကိစ္စသာဖြစ်ပီး မဲဆွယ်တဲ့ခရီးစဉ်
မဟုတ်သေးဘူးလို့ ပါတီ-ဗဟိုတာဝန်ရှိသူတွေကပြောထားပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲ မှာ လစ်လပ်နေရာ ၄၈ -နေရာ စလုံးအတွက်
NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ်လို့စာရင်းပေးထားပြီးအဲဒီထဲမှာ တနသာင်္ရီတိုင်းရှိ လောင်းလုံးမြို့နယ်
နဲ့ ကျွန်းစုမြို့နယ် တို့ပါဝင်ပါတယ် ။ လောင်းလုံးမြို့နယ် အတွက် NLD အမတ်လောင်းကတော့ ဦးအောင်စိုး
ဖြစ်ပီး ကျွန်းစုမြိုနယ်အတွက် ကတော့ ဒေါ်တင်တင်ရီ-ဖြစ်ပါတယ်။
သတင်း ( MNN )

SATURDAY, JANUARY 28, 2012
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မနက်ဖြန် ထားဝယ်ခရီးစဉ်
ကို ထားဝယ်သူ / ထားဝယ်သားများ သိရှိစေရန် ထပ်ဆင့် မျှဝေ ပေးပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ