မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Thursday, January 5, 2012

ယခင်အစိုးရလက်ထက် အမှုဟောင်းများ တိုင်ကြားနိုင်

မိသားစုအနုပညာအိမ် | Thursday, January 05, 2012 | Best Blogger Tips

စိုးသန်းလင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အပါအ၀င် ယခင်အစိုးရ လက်ထက်က မည်သည့်အမှုဟောင်းများ
ကို မဆို မိမိပြစ်ဒဏ် ကျခဲ့စဉ်က မမှန်ကန်၊ မမျှတခဲ့ကြောင်း၊ အဂတိ တရားများရှိခဲ့ကြောင်း အထောက်အထား
ခိုင်လုံစွာ တိုင်ကြားလာပါက ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက သက်ဆိုင်ရာ တရားလွှတ် တော်ရုံးများသို့ လွှဲအပ်ပြီး ပြန်လည် စိစစ် စေမည်ဟု ၎င်းကော်မတီ ဥက္ကဋ္ဌ သူရ ဦးအာင်ကိုက ဒီဇင်ဘာလ ၂၉ ရက် နေ့က မီဒီယာများကို ပြောသည်။
"အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပြန်လွတ်လာ
တော့မှာပါ။ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီကို ပြန်တင်ပေးပါ။ ဆက်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ အဲဒီအမှု ဟောင်း တွေဟာ ငါးနှစ်ပဲကြာကြာ၊ ၁၀ နှစ်ပဲကြာကြာ ပြန်
တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်။ ကာလစည်းကမ်း သတ်မှတ်ချက်ရှိတဲ့ တရားမ မှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ဆိုင်တဲ့ ဥပမာ-လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွဲရင် ဘယ်အမှုဟောင်းတွေပဲဖြစ်ဖြစ် တင်ပေး လာရင် ဆောင်ရွက်ပေးပါမယ်"ဟု ၎င်းက ပြောသည်။

ထိုသို့ တိုင်ကြားစာများ၊ အသနားခံ စာများ ပေးပို့လိုပါက 'တရားစီရင်ရေး နှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့ လွှတ်တော်၊ နေပြည် တော်'ဟု လိပ်မူ၍ လည်းကောင်း၊ 'ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
၊ နေပြည်တော်' ဟု လိပ်မူ၍လည်းကောင်း၊ သို့ တည်း မဟုတ် နှစ်ခုစလုံးသို့ လည်းကောင်း ပေးပို့နိုင်ကြောင်း ၎င်းက ပြောသည်။

"ဒီနေ့အထိ တိုင်ကြားလာတဲ့ အမှု ပေါင်း ၁၀၀ ခန့် ရှိပါတယ်။ အထောက် အထား အချက်အလက်ခိုင်လုံတဲ့ အမှု က ၆၉ ခုရှိပါတယ်။ ကော်မတီအနေနဲ့ တရားမျှတမှုနဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး ဆောင်ရွက်နေပါတယ်"ဟု ၎င်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြော ကြားသည်။

သတင်း - မြန်မာတိုင်မ်း
THURSDAY, 05 JANUARY 2012

No comments :

Post a Comment

အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ