ဒေါက်တာတူးဂျာ
၂၀၁၂ ခုနှစ်တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ကေအိုင်အိုဒုတိယဥက္ကဌဟောင်းဖြစ်သူ ဒေါက်တာ
တူးဂျာသည် ကချင်ပြည်နယ် မိုးကောင်းမြို့မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ၎င်းက
The Voice Weekly သို့ အတည်ပြုပြောကြားသည်။
"ပါတီတည်ထောင်ဖို့ အစီအစဉ်မရှိပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မိုးကောင်းကနေ အရွေးခံဖို့

ဆုံးဖြတ်ပြီး သွားပါပြီ" ဟု ဒေါက်တာတူးဂျာက ဆိုသည်။
ဒေါက်တာတူးဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ပါတီတည်ထောင်ခွင့်ကို

ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်တင်ပြခဲ့ရာ ပါတီဖွဲ့စည်းခွင့်မရရှိခဲ့သဖြင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ရန် စီစဉ်ခဲ့ရာတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ရသည်ဟု လွှတ်တော်အမတ်
များထံမှ စုံစမ်းသိရှိရသည်။
"နိုင်ငံတည်ဆောက်ရေး အခန်းကဏ္ဍမှာ အခုအခွင့်အရေးရှိတုန်းပါဝင်ချင်လို့ အရွေးခံတာပါ" ဟု ဒေါက်တာ

တူးဂျာက ဆက်လက်ပြောကြားသည်။
ဆယ်စုနှစ်ကျော် ကေအိုင်အိုတွင် ဒုတိယဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာတူးဂျာသည် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့၌ အနားယူခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ၄၈ နေရာ လစ်လပ်နေပြီး ကချင်ပြည်နယ်တွင် မိုးကောင်းမြို့နယ်၊ ဖားကန့်မြိုကနယ်နှင့် ဗန်းမော်မြို့နယ်တို့ လစ်လပ်နေကြောင်း တရားမဝင်ထုတ်ပြန်

ချက်များအရ သိရကြောင်း The Voice Weekly မှာရေးသားထားပါသည်။
သတင်း - သစ်ထူးလွင်
SUNDAY, 01 JANUARY 2012

No comments :
Post a Comment
အကြံဥာဏ်များပေးခဲ့ပါ..စာဖတ်သူ၏commentသည်စာရေးသူအတွက်အားဆေးတခွက်ပါ