ကျွန်တော်သည် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နေထိုင်ပြီး ကျန်းမာရေး ချို့တဲ့နေ မှု့ကြောင့် ဒုက္ခိတထောက်ပံ့ကြေးဖြင့်
ရပ်တည်နေရသူ တဦးဖြစ်ပါသည်။ ဤ Website ကို စတင်ရေးစဉ်က။ မိမိ အနေဖြင့် အိမ်တွင်းတွင် အမြဲနေရသည်ဖြစ်၍
( မိသားစု အနုပညာအိမ် အိမ်တွင်းမှု့လုပ်ငန်း) ဆိုသည့် အမည်ဖြင့် မိမိအတွက် အလုပ်တခုရှိနေလျှင်စိတ်တွင်ခံစားနေရ
သော ရောဂါဝေဒနာ အနဲငယ်သက်သာရာ ရစေရန်ရည်ရွယ်ပြီး လုပ်ငန်းကြော်ငြှာလေး တခုအနေဖြင့် နော်ဝေနိုင်ငံတွင်းနေ ထိုင်ကြသော မြန်မာပြည်သားများအတွက် ဓာတ်ပုံနှင့်ဗွီဒီယို လုပ်ငန်းများအပြင် ကွန်ပြူတာ အနုပညာ ပိုင်းဆိုင်ရာ လုပ်ငန်း နှင့် အသေးစားအိမ်တွင်းမှု့ လုပ်ငန်းကို အများသိစေရန် ကြော်ငြှာ အနေဖြင့် စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး တရားဝင်
အလုပ်မဟုတ်ဘဲ မိမိအတွက်စိတ်သက်သာမှု ရရှိစရန်ရည်ရွယ် လုပ်ကိုင်နေသော အလုပ်တခုသာ ဖြစ်ပါသည်။
သို့ပါသော်လည်း မိတ်ဆွေ သူငယ်ချင်းများ၏ တိုက်တွန်းချက်အရ မိမိ Website တွင် သတင်းထူးလေးတွေ တင်ပေးရင်
ကောင်းမည် ဟု အကြံပြုလာချက်များကြောင့် မိမိအနေဖြင့် အခြားသော သတင်းမီဒီယာ Websute များမှ သတင်းဦး
သတင်းထူး များကို ပြည်တွင်းပြည်ပ မှ မိမိ Website ကိုအားပေးကြသူများ သိရှိစေရန်အတွက် ယခုကဲ့သို့ သတင်းများကို
ရှာဖွေကာ တင်ပြပေးနေခြင်း ဖြစ်ပါသည်။
ကျနော်၏ စာမျက်နှာတွင်တင်ထားသောသတင်းများမှာ အခြားသော မီဒီယာများ Website များမှ သတင်းများ တင်လာလာ
ခြင်း ဦးဦးဖြားဖြား ရယူကာ အများသိစေရန် ပြန်လည်ကူးယူ တင်ပြပေးနေခြင်းဖြစ်သဖြင့် အချို့သောသတင်းများမှာ မိမိ
တင်ပြီးမှ ဖေါ်ပြထားသော သတင်းမီဒီယာမှ ပြန်လည်ပြင်ဆင်ချက်၊ မှားယွင်းသောသတင်းအဖြစ်ပြန်လည်ဖေါ်ပြရာတွင်
မိမိ အနေဖြင့်လည်း ၄င်းတို့၏ စာမျက်နှာပါ တောင်းပန်ချက်များကိုပြန်လည်ဖေါ်ပြပေးလျှက်ရှိနေပါသည်။
မီဒီယာများအနေဖြင့်လည်း အချို့ မီဒီယာများမှ မိမိထံ တရားဝင်ခွင့်ပြုထားသလို အချို့သာသတင်းများမှာ မိမိဝင်ရောက်ဖတ်ရှု
ပြီး ပြန်လည်တင်ပြထားခြင်းဖြစ်ပြီး မူရင်းသတင်း၏ အမည်ကို ဖေါ်ပြပေးထားခြင်းဖြစ်၍မိမိအပေါ် အခြား သတင်း မီဒီယာများ
မှ နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သို့ဖြစ်ပါ၍ ကျနော်၏ မိသားစု အနုပညာအိမ် စာမျက်နှာသို့ လာရောက်လည်ပါတ် ဖတ်ရှုသူများအနေဖြင့် မိမိရေးသားထား
သော သတင်းများနှင့် ပါတ်သက်၍ အမှားအယွင်းရှိပါက နားလည်ပေးပါရန်နှင့် မိမိအနေဖြင့်လည်း ရရှိသောသတင်းများ
ကို အသေချာဆုံးဖြစ်အောင် စီစစ်ပြီး တင်ပြပေးသွားမည်ဖြစ်ကြောင်း မိမိ၏ Website သို့ လာရောက် ကြည့်ရှု အားပေးကြ
သူများအား ပန်ကြားအပ်ပါသည်။
မိသားစု အနုပညာအိမ် Website စာမျက်နှာကို
ဝင်ရောက် အားပေးနေသူများကို အထူး ကျေးဇူးတင်စွာဖြင့်။
စောကျော်ဦး

ကရင်မချောချောလေးတွေပုံလေးတွေပါတဲ့သတင်းကောင်းတွေတင်လေဖထီးရာ....
ReplyDeleteစာတွေဖတ်ရင်း ရောက်ခဲ့ပါတယ်ရှင်...
ReplyDeleteလာသွားပါတယ်။ကျန်းမာရေးအမြန်ပြန်ကောင်းပါစေလို့လည်းဆုတောင်းပေးရင်kp3မိသားစုဆုမွန်
ReplyDeleteကောင်းတောင်းလျှက်။အားလုံးအတွက်တန်းဖိုးရှိလှပါတယ်ဗျာခင်မင်လေးစားလျှက်kp3
http://kp3family.blogspot.com
လေးစားမိပါတယ်....ဖာထီးခင်ဗျာ
ReplyDeleteကျမ်းမာရေးလည်းအမြန်ဆုံးကောင်းမွန်ခွင့်ကို
ဘုရားသခင်ထံမှပေးသနားခြင်းခံထိုက်ပါစေဗျာ
ခင်မင်လေးစားစွာဖြင့်နေလင်းဖြိုး
http://coffeecrazylay.blogspot.com/
ကျွန်တော်လည်း ဖထီးလို ဒုက္ခိတ တစ်ယောက်ပါပဲ။
ReplyDeleteကျွန်တော် သင်ယူပါရစေ။
အစ်ကိုရဲ.စိတ်ဓာတ်ကိုလေးစားပါတယ်..အစ်ကို အမြဲတမ်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါစေလို. ဆုတောင်းလျှက်ပါ..online ကြိုက်တာများရှိရင်လဲ ပြန်လည်ဝေမျှခွင့်ပေးပါလို. တောင်းဆိုပါရစေနော်...
ReplyDeleteအနုပညာအိမ်ဝဘ်ဆိုက်မှဖထီးစောကျော်ဦး၏ကျမ္မာရေးအတွက်.
ReplyDelete(၁)ဗုဒ္ဓဘာသာအရသော်လည်းကောင်း
(၂)ဟိန္ဒူဘာသာအရလည်းကောင်း
(၃)ခရစ်တော်အရလည်းကောင်း
(၄)မွစ္စလင်ဘာသာအရလည်းကောင်း
သက်ဆိုင်ရာပုဂ္ဂိုလ်ဒို့ အားအလေးအနက်ထား၍ဆုတောင်းမေတ္တာပို့ သပါသည်
ဖထီး၏ကိုယ်စိတ်၂ပါးအားအမြန်ကျမ္မာစေကြောင်းဆုတောင်းမေတ္တာပို့ သပါသည်
ရဲထွန်း.www.yewintun.com(ဘန်ကောက်)
စေတနာနဲ့ ကြိုးစားအားထုတ်မှုကို လေးစားပါတယ်ခင်ဗျာ။ အားလုံးရဲ့ကိုယ်စားလဲ ကျေးဇူးအထူးတင်ရှိပါတယ်။
ReplyDeleteဖထီး(စောကျော်ဦး)ရေ.. Website လေးကို အစဉ်
ReplyDeleteအားပေးလျှက်ပါ။ မသိ နားမလည်တာလေးများကို
လည်း မေးခွင့်ပြုပါလို့ တောင်းဆိုပါတယ် ခင်ဗျား။
~~ ထာဝရလေးစားလျှက် ~~ ဖိုးခွားလေး။
အခုမှပဲ ဖထီး ဆိုဒ်ကို ကြည့်ဖြစ်တာပါ ဒီနေ့မှစပြီးတော့ အမြဲတမ်း ကြည့်သင့်တဲ့ ကြည့်နေမယ် ဆိုဒ်တစ်ဆိုဒ်ပါ ကျွန်တော် ဧရာဝတီသားလေး အမြဲ အားပေးနေမယ်နော် ဖထီး
ReplyDeleteDEAR KO SAW KYAW OO,
ReplyDeleteTHANK YOU VERY MUCH,BUT WE DO NOT WANT TO READ ISLAM COMMENT.THANKS
အလည်လာသူ အားလုံးရဲ့ ရင်ထဲမှ လေးစားယုံကြည်ခြင်းများနှင့်ထယ်တူ အစဉ်အားပေးလျှက် ဖထီးရည်မှန်းချက်မျာ်းဆတိုးအောင်မြင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။ (ချမ်းသာသုခပြည့်စုံပါစေ)....
ReplyDeleteဒီwebsiteကိုကြည့်ရတာစိတ်ဝင်စားစရာကောင်းပါတယ်
ReplyDeleteTry hard for the best.
ReplyDeleteလေးစားပါတယ်ဗျာ
ReplyDeleteပထမဆုံးအကြိမ် ရောက်ခဲ့ပါတယ် ဖာထီး။ လင့်ပါယူသွားပါတယ်။
ReplyDeleteအောင်ဆောင်အောင်ခလိုင်...ကရင်စာမရေးတတ်လို့ ဗမာလို့ေ၇းပါကြောင်း ၀န်ခံပါရစေ။