မိမိ Website တွင် ဖေါ်ပြနေသော သတင်းများသည် သတင်းမီဒီယာ Website များမှ သတင်းများအား ဦးဦးဖျားဖျား အချိန်နှင့်တပြေးညီ သိရှိစေရန် အတွက် ကူးယူဖေါ်ပြ နေခြင်းဖြစ်ပါသည်။
လုပ်ငန်း အပ်နှံလိုသူ နှင့် ဆက်သွယ် လိုသူများ E mail : sawkyawoo8888@gmail.com / Mobile : (+47 ) 46356503 သို့ ဆက်သွယ်နှိုင်ပါသည်။

Saturday, October 18, 2014

မိမိ၏ Website နှင့်ပါတ်သက်၍ အများသိစေရန် ပန်ကြားချက်။

မိသားစုအနုပညာအိမ် | Saturday, October 18, 2014 | Best Blogger Tips



ကျွန်တော်သည်  နော်ဝေနိုင်ငံ  အော်စလိုမြို့တွင် နေထိုင်ပြီး ကျန်းမာရေး ချို့တဲ့နေ မှု့ကြောင့် ဒုက္ခိတထောက်ပံ့ကြေးဖြင့်
ရပ်တည်နေရသူ တဦးဖြစ်ပါသည်။  ဤ Website ကို စတင်ရေးစဉ်က။ မိမိ အနေဖြင့် အိမ်တွင်းတွင် အမြဲနေရသည်ဖြစ်၍
( မိသားစု အနုပညာအိမ် အိမ်တွင်းမှု့လုပ်ငန်း) ဆိုသည့် အမည်ဖြင့် မိမိအတွက် အလုပ်တခုရှိနေလျှင်စိတ်တွင်ခံစားနေရ
သော ရောဂါဝေဒနာ အနဲငယ်သက်သာရာ ရစေရန်ရည်ရွယ်ပြီး လုပ်ငန်းကြော်ငြှာလေး  တခုအနေဖြင့် နော်ဝေနိုင်ငံတွင်းနေ ထိုင်ကြသော မြန်မာပြည်သားများအတွက် ဓာတ်ပုံနှင့်ဗွီဒီယို လုပ်ငန်းများအပြင် ကွန်ပြူတာ အနုပညာ ပိုင်းဆိုင်ရာ လုပ်ငန်း နှင့် အသေးစားအိမ်တွင်းမှု့ လုပ်ငန်းကို အများသိစေရန် ကြော်ငြှာ အနေဖြင့် စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး တရားဝင်
အလုပ်မဟုတ်ဘဲ  မိမိအတွက်စိတ်သက်သာမှု ရရှိစရန်ရည်ရွယ် လုပ်ကိုင်နေသော အလုပ်တခုသာ ဖြစ်ပါသည်။

ရွှေပြည်တော် ဤခရီး မည်သည့် နည်းနှင့်မျှ နီးဘိုရာ မလွယ်ပါ

မိသားစုအနုပညာအိမ် | Saturday, October 18, 2014 | Best Blogger Tips


လက်ရှိ အစိုးရ နှင့် လက်ရှိ ပြည်သူ ချစ်ခင်ကြည်ဖြူစွာဖြင့် ကြုံလာသမျှ အခက်အခဲများ ကို 
ဆိုးတူ ကောင်းဖက် ရင်ဆိုင်ဖြေရှင်းကြရ ပါလိမ့်မည် ။
ဤ နေရာတွင် အရေးအကြီး တကာ့ အရေးအကြီးဆုံး မှာ အစိုးရ နှင့် ပြည်သူအကြား 
ပွင့်လင်းမြင်သာမှု ကို တည်ဆောက်ကြရန် ဖြစ်ပါသည်။ 
အစိုးရ က ပြည်သူကို မပွင့်လင်း ပြည်သူ က အစိုးရကို မယုံကြည် ဆိုလျှင်တော့ ရွှေပြည်တော်ဤခရီး မည်သည့်နည်းနှင့်မှ ရောက်နိုင်မည်မဟုတ်တော့ပါ။


သတင်း
Messenger News Journal ·
FRIDAY, DECEMBER 07, 2012

Thursday, May 23, 2013

" ကုန်သည် / စက်မှုအသင်းချုပ်ဖွဲ့စည်းပုံအား အထူးအရေးပေါ်အစည်းအဝေး ကျင်းပ၍ ပြင်ဆင်မည်"

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips


မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းအချုပ် ( UMFCCI ) ၏ဖွဲ့စည်းပုံ စည်းမျဉ်းအား ခေတ်နှင့်အညီ ပြန်လည် ပြင်ဆင်ရေးဆွဲပြဌာန်း နိုင်ရေးအတွက် မေလ ၂၆ ရက်နေ့ တွင် အသင်းသား စုံညီ အထူးအရေးပေါ် အစည်းအဝေး ကျင်းပကာ ပြင်ဆင်ပြဌာန်း သွားမည်ဟု ကုန်သည် / စက်မှု အသင်း ချုပ် ဥက္ကဌ ဦးဝင်းအောင် က ပြောသည်။

အခုအစည်းအဝေးက အသင်းရဲ့ CEC ရာထူးတွေ ပြန်ရွေးချယ်မှာ မဟုတ်ပဲ အရင်အစိုးရ လက်ထဲက ရှိခဲ့ တဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေက ခေတ်မမီတော့ အတွက် ပြန်ပြင်ရေးဆွဲပြီး အတည်ပြုဖို့ လုပ်တဲ့ဟာပါ ။ လတ်တလောက တော့ သင်းဖွဲ့ စည်းမျဉ်းမူကြမ်းရေးဆွဲပြီး သွားပြီဟု UMFCCI ဒုဥက္ကဌ ဦးထွန်းအောင်က ဆိုသည်။

အဆိုပါအထူးအရေးပေါ်အစည်းအဝေးသို့ ကုန်သည် / စက်မှု အသင်းချုပ် အောက်ရှိ ညီနောင် အသင်းများ မှ အသင်းသားများအား စုံညီစွာတက်ရောက်ပေးကြရန် လိုအပ်ကြောင်း ကုန်သည် / စက်မှု အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင် က ထပ်မံပြောသည်။


သတင်း - PN - 020
Popular Myanmar News Journal
THURSDAY, MAY 23, 2013

သမ္မတ ဦးသိန်းစိန် အမေရိကန်သမိုင်းဝင် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ ( Eleven Web TV )

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips

သမ္မတဦးသိန်းစိန် အမေရိကန်သမိုင်းဝင် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ
၄၇နှစ်အတွင်း မြန်မာခေါင်းဆောင်တစ်ဦး အိမ်ဖြူတော်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
THURSDAY, MAY 23, 2013

တရုတ်ကန့်ကွက်မှုကြောင့် အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ အမေရိကန်နှင့် ဗြိတိန်တို့ မပါဝင် ( Eleven Web TV )

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips

တရုတ်ကန့်ကွက်မှုကြောင့် အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ အမေရိကန်နှင့် ဗြိတိန်တို့ မပါဝင်
ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်နှင့် တရုတ်အစိုးရကိုယ်စားလှယ်များ တက်ရောက်မည်

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
THURSDAY, MAY 23, 2013

မြွေတောင် ဖားတောင်စီမံကိန်း ယာယီဆိုင်းငံ့ရန် ချင်းဒေသခံများ တောင်းဆို

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips

CNF ရုံးခန်းတည်ရှိရာ မတူပီမြို့ အပေါ်စီးမြင်ကွင်း
 (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ) 

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ မြွေတောင်ဖားတောင်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေသည့် သတ္တု တွင်း စီမံကိန်းကို ယာယီ ဆိုင်းငံ့ထားရန် ဒေသခံများက ချင်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ထံ သို့ တင်ပြ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

တရုတ် North Mining Investment ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး မြွေတောင် ၊ ဖားတောင်တွင် နီကယ် သတ္တု ထုတ်လုပ်ရေး စီမံကိန်းကို လာမည့် ၂၀၁၃ ဇူလိုင်လတွင် စတင် အကောင်အထည်ဖော်ရန် အစိုးရထံ တင်ပြထားကြောင်း၊ စီမံကိန်းနှင့် ပတ်သက်ပြီး မေလ ၁၇ ရက်
နေ့က ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် ဒေသခံများ တွေ့ဆုံစဉ် ဒေသခံများကစီမံကိန်းကိုအလော
သုံးဆယ် လုပ်ဆောင်ခြင်းမပြုဘဲ ခေတ္တယာယီ ဆိုင်းငံ့ထားရန် တောင်းဆိုပြီး စီမံကိန်း လုပ်ဆောင် မည့် အစီအစဉ်များကို ပွင့်လင်းမြင်သာမှု ရှိရှိ ချပြပြီးမှသာ လုပ်ဆောင်ရန် တောင်းဆိုကြကြောင်း သိရသည်။

ကြည့်မြင်တိုင် အမှိုက်ပုံးအတွင်းမှ သေနတ်နှင့်ကျည်ဆန်များတွေ့

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips


ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးအရှေ့ ရပ်ကွက်ရှိ အများပြည်သူ အမှိုက်စွန့်ပစ်ရန် ချထားပေးသည့် စည်ပင် အမှိုက်ပုံး အတွင်း မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်က ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်ကတ် အပါ အဝင် M-16 ကျည်ဆန်များကို စည်ပင် သန့်ရှင်းရေးဝန်ထမ်း တစ်ဦးက တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်း
ဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အသက် ၃၂ နှစ်အရွယ် စည်ပင် နေ့စားသန့်ရှင်းရေးဝန်ထမ်း ဒေါ်သင်းမြတ်စိုး က ဗိုလ်သူရလမ်းနှင့် ပိတောက်ပင်လမ်းရှိ အမှိုက်ပုံးမှ အမှိုက်များကို အမှိုက်ယာဉ်သို့ မပို့မီ အမှိုက်စုရပ်ဖြစ်သော ကျောင်းကြီး လမ်းပေါ်သို့ ရွှေ့ပြောင်းစွန့်ပစ်စဉ် ကြွပ်ကြွပ်အိတ်နှင့် ထုပ် ထားသည့်အထုပ်ကို မသင်္ကာ၍ ဖွင့်ကြည့်ရာ သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့သဖြင့် မြို့နယ် စည်ပင်အရာရှိ တစ်ဦးမှတစ်ဆင့် ကြည့်မြင်တိုင် ရဲစခန်း သို့ အပ်နှံခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

သမ္မတ ဦးသိန်းစိန် အမေရိကန်သို့ သုံးရက်ကြာ သွားရောက်ခဲ့သည့် သမိုင်းဝင် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips

(သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင်
 မေလ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးနေကြစဉ်) 
(Photo:AFP)

အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံရန် အမေရိကန် ပြည်ထောင်စုသို့ သုံး ရက်ကြာ သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်သည် မေ ၂၂ ရက် ည ၁၀ နာရီကျော်က ကိုရီးယား လေ
ကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သမ္မတ ဦးသိန်းစိန် အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်
မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်သည် ၁၉၆၆ ခုနှစ်တွင် သမ္မတ ဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော် လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်ဖြူတော်သို့ သွားရောက်ပြီးနောက် နှစ်ပေါင်း ၄၇ နှစ် အတွင်း မြန်မာခေါင်းဆောင် တစ်ဦး အိမ်ဖြူတော်သို့ သွားရောက်သည့် သမိုင်းဝင်ခရီးစဉ် ဖြစ်သည်။

တနင်္သာရီ မြစ်ပေါ်တွင် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ဆည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်း ရပ်ဆိုင်းသွားကြောင်း သတင်းများ ထွက်ပေါ်

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips



မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံ အီတာလျံ-ထိုင်း ကုမ္ပဏီမှ ဆည်
ဆောက်၍ ရေအားလျှပ်စစ် ထုတ်လုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သော်လည်း အဆိုပါ စီမံကိန်း ပျက်သွားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ ရေအားလျှပ်စစ် ထုတ်ယူမည့်ဆည်ကို တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အတူ အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် အီတာလျံ-ထိုင်း ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းမှ ခန့်မှန်းအားဖြင့် ၈၀၀ MW ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပို့လွှတ်ရန်နှင့် အချို့အား ထားဝယ်အထူး စီးပွားရေးဇုန်သို့ ပို့လွှတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်က ပါတီဝင် ၅၈ ဦးကို ဖိအားပေး နုတ်ထွက်ခိုင်းသည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ NLD စာပို့တိုင်ကြား

မိသားစုအနုပညာအိမ် | Thursday, May 23, 2013 | Best Blogger Tips


ပအိုးဝ်အမျိုးသား အဖွဲ့ချုပ် (PNO) က တောင်ကြီးမြို့ ဆတ်သေကျေးရွာမှ ပါတီဝင် ၅၈ ဦးကို ဖိအားပေး နုတ်ထွက်ခိုင်းသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ NLD က စာပို့ တိုင်ကြားထားကြောင်း သိရသည်။

တောင်ကြီးမြို့မြောက်ဘက် မိုင် (၂၀) ခန့် အကွာရှိ နားယောင်းကျေးရွာအုပ်စု၊ မောက်စံကျေးရွာမှ ဒေသခံ ပအိုးဝ်ပြည်သူ့စစ်များက ကျေးရွာ NLD ရုံးကို ၀ိုင်းရံထားမှုအား မေ ၁၆ ရက် ည ၁၀ နာရီကျော်မှစ၍ ပြန် လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

Wednesday, May 22, 2013

သီလဝါ အထူးစီးပွားရေးဇုန်နဲ့ မြို့နယ် ၇ မြို့နယ်ကို ရေပေးဝေဖို့ လဂွန်းပြင်ဆည် စီမံကိန်း စတင်ဟု အစိုးရပြော - ( Kamayut MediaTV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

သန်လျင်-ကျောက်တန်းက သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြို့နယ် ၇မြို့နယ်ကို သောက်သုံးရေဖြန့်ဖြူးဖို့ စီမံကိန်းစတင်နေပြီလို့ ရန်ကုန်စည်ပင်က
 မေလ ၂၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Kamayut MediaTV
WEDNESDAY, MAY 22, 2013

မြန်မာ GDP ၆.၅ %ကနေ ၆.၇၅%ထိမြင့်လာနိုင်တယ်လို့ IMF ခန့်မှန်း - ( Kamayut MediaTV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် မြန်မာနိုင်ငံရဲ့ GDP ဟာ ၆.၅ရာခိုင်နှုန်းရှိခဲ့တာမို့ ၂ဝ၁၃-၁၄ မှာ ၆.၇၅% ထိ မြင့်တက်နိုင်မယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က
 မေလ ၂၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Kamayut MediaTV
WEDNESDAY, MAY 22, 2013

လစာတိုးပေးရေး အထည်ချုပ်စက်ရုံမှာ ၆ရက်ကြာ ဆန္ဒပြပြနေ - ( Kamayut MediaTV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

လှိုင်သာယာ စက်မှုဇုန် ၃က ဝမ်ဟေင်ဟမ်း အထည်ချုပ်စက်ရုံ အလုပ်သမား ၂ဝဝ ကျော်ဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် မေလ ၂၂ ရက်နေ့မှာ ၆ ရက်မြောက်အဖြစ် ဆက်လက် ဆန္ဒပြနေကြပါတယ်။

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Kamayut MediaTV
WEDNESDAY, MAY 22, 2013

ဗြဟ္မစိုရ် ဓါး - နာရေးကူညီမှုအသင်း(ရန်ကုန်)

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ ပညာရေးကဏ္ဍအားတိုးမြှင့်၍ နိုင်ငံထူထောင်ရာတွင် စွမ်းအားမြှင့်သောလက်နက်
တစ်ခုအဖြစ် အသုံးချလေ့ရှိသည်။ ထိုလက်နက်အတွက် အသုံးချသော ဆောင်ပုဒ်အသီးသီးတို့ ရှိသည့် အနက် “ပညာရွှေအိုး လူမခိုး” ၊ “လက်ဦးဆရာက မိဘ၊ ဒုတိယဆရာက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ တတိယဆရာက စာအုပ်စာပေ” ၊ “မိခင်၏ နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ် သည်။” ၊ “ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ” ၊ “အရေးကြီးတဲ့လုပ်စရာတွေ အများကြီးရှိတယ်။ ကောင်းတဲ့ စာပေတွေ လေ့လာရမယ်။ ဘဝနဲ့ပတ်သက်ပြီး လေးနက်တဲ့ကိစ္စတွေ ဆွေးနွေးရမယ်၊ စဉ်းစား ရမယ်။ အတတ်ပညာ၊ အသိပညာအမျိုးမျိုး လေ့လာရမယ်၊ လေ့ကျင့်ရမယ်။” ဆိုသော ဆောင်ပုဒ်များ ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်မှုတွင် ပညာရေးဖွံ့ဖြိုး တိုး တက်ပြီး စည်းကမ်းရှိ၍ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ် ထူ ထောင်ရာတွင် နိုင်ငံတော်အစိုးရ တစ်ဦးတည်းတွင် တာဝန်ရှိသည်မဟုတ် ပြည်သူလူထုတစ်ဦးချင်း၏ တာဝန်စည်းကမ်းရှိ မှုအပြင် ကျွန်တော်တို့ အစိုးရမဟုတ်သော အရပ်ဘက်လူ့အဖွဲ့အသီးသီးတို့လည်း တာဝန်ရှိပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် နာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေး၊ စစ်ဘေးတို့ အပြင် ပညာရေးကဏ္ဍ တိုးတက်မှုအတွက် တစ်ဖက်တစ်လှမ်း အင်အားဖြည့်ပေးလျှက် ရှိသည်။

ဒေါက်တာ ဆိတ်ဖွား စုံစမ်းမှုရလဒ် လာမည့် လွှတ်တော်တွင် တင်ပြမည်

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ဝေဖန်မှုများ လုပ်ဆောင်ခဲ့ သည် ဆိုသော ဒေါက်တာ ဆိတ်ဖွားဆိုသူအား ဖော်ထုတ်နိုင်ပြီ ဖြစ်ပြီး စုံစမ်းမှု ရလဒ်ကိုလာမည့်လွှတ်တော်
တွင် တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ ဆိတ်ဖွား ဆိုသူသည် “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်ဖြင့် အွန်လိုင်း ဘလော့ဂ် စာမျက်နှာတခုတွင် ရေးသားခဲ့သောကြောင့် ပြည်ထောင်စု လွှတ်တော်က ဆိတ်ဖွား စုံစမ်းရေး
ကော်မရှင် ဖွဲ့၍ ဌာနဆိုင်ရာ အရာရှိများနှင့် ပြည်တွင်း မီဒီယာတချို့ကို ခေါ်ယူစစ်ဆေးပြီးနောက်ဒေါက်တာ
ဆိတ်ဖွား မည်သူ မည်ဝါဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒါက ဒီလို ဘယ်လို ပြင်မလဲ" ( ပေးစာ )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


သို့

အယ်ဒီတာရှင့်

မည်သည့် ငွေကြေးတစ်စုံ တစ်ရာမှ ပေးရန်မလို ဆိုတဲ့ စာတန်း အောက်ကနေ ငွေကြေးတောင်းခံနေတဲ့ သူတွေအကြောင်းကို Popular News ကနေတစ်ဆင့်ပြောပြချင်လို့ ဒီစာကို ရေးသားလိုက်ရတာပါ။

ကျွန်မကတော့ ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ အလုပ်ကိစ္စတစ်ခုနဲ့ ဘန်ကောက်ကို ၁ဝ ရက်ခရီးစဉ် တစ်ခုသွား ဖို့ အကြောင်းဖန် လာချိန်မှာ ရန်ကင်းက ပတ်စ်ပို့ရုံးနဲ့ ထိတွေဆက်ဆံရတော့တာ ပါပဲ။ အဲ့ဒီရုံးမှာ ပေးချေရ မယ့် ငွေကြေး Amount ကို စာကပ်ထားပါတယ်။ ပတ်စပို့စာအုပ်လုပ်တာ စုစုပေါင်း ကျပ် ၂၃၂ဝဝ သာ ကျသင့်ပါတယ်ဆိုပြီး
ဗီနိုင်းထုတ် စာကပ်ထားတာပါ။ ကျွန်မ ဖတ်မိသလောက် ဘဏ်ပေးသွင်းရမယ့်ငွေက ကျပ် ၂ဝဝဝဝ၊ ဓာတ် ပုံရိုက်၊ ဖောင်ဖိုးက ကျပ် ၃၂ဝဝ လို့ရေးထားပါတယ်။ အဲ့ဒီစာတွေ ဖတ်ပြီး ပတ်စပို့ စလုပ်ဖို့ဓာတ်ပုံရိုက်၊ ဖောင်ဝယ်ချိန်မှာ အပိုငွေ ကြေးက စပေးရတော့တာပါပဲ။ အပြင်မှာ ရေးထားတဲ့ကျသင့်ငွေမှာ ကျပ် ၃၂ဝဝ ဆိုပေမယ့် ဓာတ်ပုံရိုက်ဖို့ ဖောင်ဝယ်ချိန်မှာ စုစုပေါင်း ကျပ် ၃၅ဝဝ တောင်းပါတယ်။

အာမခံကုမ္ပဏီများ ဇွန်လကုန် လုပ်ငန်းစမည်

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၂ ခုလုံး ဇွန်လကုန်တွင် လုပ်ငန်းစတင် မည်ဖြစ် ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက The Voice သို့ ပြောကြားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုရှိပြီး အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းနှစ်မျိုး လုပ်ကိုင် ခွင့်ပြုထား
ကြောင်း မြန်မာ့အာမခံလုပ်ငန်း ထံမှ သိရသည်။

2014 Women Asian Cup ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အိန္ဒိယကို (၂)ဂိုး၊ ဂိုးမရှိဖြင့်နိုင် - ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

2014 Women Asian Cup ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အိန္ဒိယကို (၂)ဂိုး၊ ဂိုးမရှိဖြင့်နိုင်၊
အိမ်ရှင်ပါလက်စတိုင်း အမျိုးသမီးအသင်း တရုတ် (တိုင်ပေ)အား (၆-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

စီးရီးအေ အကောင်းဆုံး ကစားသမားအဖြစ် ဂျူဗင်တပ်စ်မှ ဗီဒယ်လ်ကို Goal.com မှ ရွေးချယ် - ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

စီးရီးအေ အကောင်းဆုံး ကစားသမားအဖြစ် ဂျူဗင်တပ်စ်မှ ဗီဒယ်လ်ကို Goal.com မှ ရွေးချယ်၊
အင်တာမီလန် နောက်ခံလူ ရာနိုခီရာအား အညံ့ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

မင်းဓမ္မပျိုးပင်ဆိုင်ရှင်များ ဆန္ဒထုတ်ဖော်မည် - ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

မင်းဓမ္မပျိုးပင်ဆိုင်ရှင်များ ဆန္ဒထုတ်ဖော်မည်
ရေဖြတ်မှုနှင့် မီးဖြတ်မှုများကြောင့်ဖြစ်

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

လေးလအတွင်း မီးလောင်မှုများကြောင့် ကျပ်သိန်းပေါင်း နှစ်သိန်းကျော်ဆုံးရှုံးခဲ့ - ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

လေးလအတွင်း မီးလောင်မှုများကြောင့် ကျပ်သိန်းပေါင်း နှစ်သိန်းကျော်ဆုံးရှုံးခဲ့
ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုမှာ အများဆုံးဖြစ်

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

ရွှေတိဂုံဘုရားအနီးတွင် သုံးထပ်အမြင့်ရှိ Shopping Mall ဆောက်လုပ်မှုကို ခွင့်ပြုထား - ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

ရွှေတိဂုံဘုရားအနီးတွင် သုံးထပ်အမြင့်ရှိ Shopping Mall ဆောက်လုပ်မှုကို ခွင့်ပြုထား
အားကစားကွင်းလုပ်ငန်း လုပ်ကိုင်နေသည့် Natural World ကုမ္ပဏီမှ ရရှိခြင်းဖြစ်

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

တရားဥပဒေ ကင်းမဲ့မှု ရှက်စရာကောင်းကြောင်း ကိုထင်ကျော် တစ်ကိုယ်တော် ဆန္ဒပြ ( Kamayut MediaTV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့အပေါ် ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ လှုပ်ရှားတက်ကြွသူ ကိုထင်ကျော်ဟာ မေလ ၂၂ရက်နေ့က မြောက်ဥက္ကလာပမှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Kamayut MediaTV
WEDNESDAY, MAY 22, 2013

ABSDF နှင့် Myanmar Peace Center မှတာဝန်ရှိသူများ ငြိမ်းချမ်းရေးအတွက်ဆွေးနွေး ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

ABSDF နှင့် Myanmar Peace Center မှတာဝန်ရှိသူများ ငြိမ်းချမ်းရေးအတွက်ဆွေးနွေး
အကျဉ်းထောင်ထဲတွင် (ABSDF) အဖွဲ့ဝင် ၁၀ဦးခန့် ကျန်နေသေးကြောင်းသိရ

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

ဝါရှင်တန်ဒီစီ၊ နယူယောက်နှင့် ရန်ကုန်တွင် မြန်မာ-အမေရိကန် ကုန်သွယ်ရေးကောင်စီရုံးများ တည်ထောင် ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

ဝါရှင်တန်ဒီစီ၊ နယူယောက်နှင့် ရန်ကုန်တွင် မြန်မာ-အမေရိကန် ကုန်သွယ်ရေးကောင်စီရုံးများ တည်ထောင်။ သမ္မတ ဦးသိန်းစိန် ၏ အမေရိကန် ခရီးစဉ်အတွင်း ရုံးများ ဖွင့်လှစ်လိုက်ခြင်းဖြစ်

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြသနာကို ဖြေရှင်းရန် ဥပဒေရေးဆွဲပြဌာန်းမည် ( Eleven Web TV )

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြသနာကို ဖြေရှင်းရန် ဥပဒေရေးဆွဲပြဌာန်းမည်
ဥပဒေရေးဆွဲအတည်ပြုပြီးပါက ပိုမိုထိန်းကွပ်နိုင်မည်ဟုဆို

(ရုပ်သံဖိုင်)


ရုပ်သံ-သတင်း
Eleven Web TV
WEDNESDAY, MAY 22, 2013

ပညာရေးကဏ္ဍ ခြစားမှုပြဿနာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ နှင့် တွေ့ဆုံခြင်း ။

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


၂ဝ၁၃-၂ဝ၁၄ ပညာသစ်နှစ်အတွက် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံမှု မကြာမီ စတင်တော့မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ပညာရေး ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော လာဘ်ပေး၊ လာဘ်ယူမှုကိစ္စရပ်အား ကျောင်းအပ်လက်ခံမှုမတိုင်မီ ပညာရေးဝန်ကြီးဋ္ဌာနဒုတိယဝန်ကြီး ဦးအေးကြူနှင့် တွေ့ဆုံ မေးမြန်းမှု များ အား ဖော်ပြလိုက်ပါသည်။

မေး။- အစိုးရသစ်တက်ခါစမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးÓဏ်ထွန်းဦးက ရန်ကုန်မြို့ က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်းဝင် ခွင့် လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်သွားမယ်လို့ ကြုံးဝါးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အထိတော့ ဗြောင်မကျတော့ ပေမယ့် လာဘ်စားမှုတွေရှိတုန်းပဲလို့ သတင်းတွေ ကြားနေရပါတယ်။ ဒါကို ဒုတိယဝန်ကြီးအနေနဲ့ သိရှိထားပါ သလားခင်ဗျာ။
ဖြေ-    အခြေခံပညာအဆင့် ကျောင်း အပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီး မူလတန်း အဆင့်က အခမဲ့ဆိုပြီး အတိ အလင်း ထုတ်ပြန်ထားပြီးပြီပဲ။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်က တော့ အခမဲ့မဟုတ်ဘူးပေါ့။ မူလတန်းအဆင့် နဲ့ပတ်သက်ပြီး ပိုက်ဆံတစ်မတ်တောင် မကောက်ရဘူး။ ဒါကိုလည်း အဆင့် ဆင့်အသိပေး ထား ပြီးပြီပဲ။ တိုင်တန်း လို့ သိရှိလို့ရှိရင် ညွှန်ကြားချက် မလိုက် နာမှုနဲ့ အပြစ်ပေး အရေးယူမှုတွေရှိမယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီအထိ ရန်ကုန်က ကျောင်းတွေကိစ္စက တက် မလာဘူး။တက်လာခဲ့ရင်လည်း အရေး ယူသွားမှာပါ။ အခုရှိနေတယ် ဆိုတာ ကိုလည်း မီဒီယာက ဖော်ပြရမှာပဲ။ ဖော်ပြလို့ အရေးမယူတာမျိုး မရှိပါ ဘူး။ ဒါပေမဲ့ မှန်ကန်ရမယ်။ ခိုင်လုံရမယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် မူလတန်း ပညာရေးကို အခမဲ့ မသင် မနေရ စနစ် ပြဋ္ဌာန်းထားတာပဲ။ မဟုတ်ဘူးလား။

လိုအပ်သည် ထက် အာဏာ ပိုသုံးသည်ဆိုကာ တောင်ဒဂုံ အုပ်ချုပ်ရေးမှူးတစ်ဦးအား တာဝန်မှရပ်စဲပေးရန် တောင်းဆို

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


လိုအပ်သည့်ထက် ပိုမိုအာဏာသုံး ၍အုပ်ချုပ်သည်ဟုဆိုကာ တာဝန်မှ ရပ် စဲပေးရန် ဒဂုံမြို့သစ်တောင် ပိုင်း(၁ဝ၄) ရပ်ကွက်နေပြည်သူ ၄ဝ ကျော် မှ သမ္မတ ထံသို့ စာတင်ထားကြောင်း သိရသည်။

 ”အာဏာရှင်ဆန်တာကို မလိုလား ဘူး။ ပြဿနာတက်လို့ ဆုံးမရင်လည်း ကိုယ်ထိလက်ရောက် လုပ်တာ
တွေရှိ တယ်။ အဲဒါတော့ မဖြစ်သင့်ဘူး”ဟု (၁ဝ၄)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါရပ်ကွက်တွင် ရာအိမ် မှူးအဖြစ်လုပ်ဆောင်ခဲ့သော ဦးသောင်း ရွှေ၏သမီးဖြစ်သူကလည်း ၄င်း၏ ဖခင် အား ဥပဒေမဲ့စွာကိုယ်ထိလက်ရောက်ပြု မှုရှိခဲ့သည်ဟု ဆိုသည်။”ကျွန်တော့်ဆီကို ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့ ပတ်သက်ပြီး တိုင်စာ သုံးစောင် ရောက်နေပါတယ်။တိုင်စာတွေမှာ နိုင်ငံသား ဥပဒေချိုးဖောက် တာတွေ၊ တရား စီရင်ရေးက တာဝန်ရှိသူတွေနဲ့ တရား ဥပဒေမဲ့ ပြု လုပ်ထားတာတွေ တိုင်ထား တာပါ တယ်။

တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာများ စစ်ဆေး

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီး၏ လက်ဗွေရာကို မေလ ၂၀ ရက် နေ့မှ စတင်ကာ တောင်ငူခရိုင်အတွင်းရှိ အမျိုးသမီးများ၏ လက်ဗွေရာများနင့် တိုက်ဆိုင် စစ်ဆေးနေကြောင်း တောင်ငူခရိုင် မှုခင်းတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖြူးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးဇော်လွင်၏ သုံးသပ်ချက်အရ ခေါင်းပြတ် သေဆုံးသူသည် အသက်၃၀ ခန့် ရှိသောကြောင့် လ.ဝ.က မှ ရရှိလာသော အမျိုးသမီး မှတ်ပုံတင်များ၏ လက်ဗွေရာ နှင့် သေဆုံးသူ၏ လက်ဗွေရာတို့ကို နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် လက်ဗွေပုံစံ ကျွမ်းကျင်ပညာရှင်များက အနုစိတ်တိုက်ဆိုင် စစ်ဆေးမှူများ ပြုလုပ်နေကြောင်း ၄င်းက ထပ်မံပြောကြားသည်။

သေဆုံးသူ၏ လက်ဗွေရာကို ပြည်နယ် နှင့်တိုင်း ဒေသကြီးများရှိ လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံ
ရး ဦးစီးဌာန (လ.ဝ.က) များနှင့် ချိတ်ဆက်ကာ တိုက်ဆိုင်စစ်ဆေး နိုင်ရန် သက်ဆိုင်ရာက တစ်ဆင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

"ကျွန်တော်တို့ ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ခြောက်မြို့နယ်က လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတွေကို မှုခင်း တပ်ဖွဲ့က မှတ်ပုံတင်တွေ တိုက်ဆိုင်စစ်ဆေး တဲ့အခါ ကူညီပေးဖို့ အကြောင်းကြားစာတွေ ထုတ် ထားပါ တယ်"ဟု တောင်ငူခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန (လ.ဝက) ခရိုင်ဦးစီး မှူး ဦးကျော်အုန်းက ပြောကြားသည်။

အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ တောင်ငူခရိုင် မှုခင်းတပ်ဖွဲ့(CID) က လူသတ်မှု စတင်ဖြစ်ပွားသော ဖေဖော်ဝါရီလ အတွင်းမှစ၍ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသို့ အမျိုး သမီး မှတ်ပုံတင်များကို ရယူပြီး လက်ဗွေရာများ တိုက်ဆိုင်စစ်ဆေးရန် အကူအညီ တောင်းခံခဲ့သော်လည်း ခရိုင်မှတစ်ဆင့် အထက်သို့ ခွင့်ပြုချက် ရယူနေရခြင်းကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၄င်းက ထပ်မံရှင်းပြသည်။

တောင်ငူခရိုင်အတွင်းရှိ ခြောက်မြို့နယ်တွင် လူဦးရေ တစ်သိန်းနှစ်သောင်းကျော် နေထိုင်ကြောင်းတောင်ငူ
ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရှိရ သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပေါင်း ၅၀ကျော် ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင်သေသူ
၏အမည်နှင့် နေရပ်လိပ်စာသာမက လူသတ်တရားခံ ဖြစ်သူကို ဖော်ထုတ်နိုင်ခြင်း မရှိသေး ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး(မှုခင်း) ရဲမှူးကြီး ဝင်းစိန် က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့နံနက် တွင် ဖြူးမြို့နယ် သပြေလှကျေးရွာ မိုင်တိုင် အမှတ်၁၄၀/၁ ဇဟားချောင်း ကူးတံတား အောက်တွင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းပြတ် ကိုယ်ခန္ဓာကို ပီနံအိတ်အဖြူနှင့် ထည့်ကာ စွန့် ပစ်ခဲ့ပြီး ဦးခေါင်းတစ်ခုကို ယင်းနေရာ နှင့်နှစ်မိုင်အကွာတွင် တွေ့ရှိခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်းက ပြောကြားသည်။

သတင်း
The Voice Weekly
WEDNESDAY, MAY 22, 2013

မိတ္ထီလာ အရေးပေါ်ကြေညာချက် သက်တမ်းနှစ်လ ထပ်တိုး

မိသားစုအနုပညာအိမ် | Wednesday, May 22, 2013 | Best Blogger Tips


ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော မိတ္ထီလာခရိုင်တွင် နိုင်ငံတော်သမ္မတက ထုတ်ပြန် ထားသော အရေးပေါ်အခြေအနေ ကြေညာချက်ကို နှစ်လ (ရက်ပေါင်း ၆၀) သက်တမ်း ထပ်တိုးကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောကြားသည်။

မေလ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်း အဝေးတွင် ယင်းသို့ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

ယင်းအရေးပေါ် ကြေညာချက် သက်တမ်းတိုးရာတွင် နိုင်ငံတော်သမ္မတ၏ အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်
ခြင်း မရှိသမျှ ကာလပတ်လုံး အမိန့်အာဏာ ဆက်လက် တည်ရှိပိုင်ခွင့်ပြုခြင်း သို့မဟုက် နောက်ထပ် ရက်
ပေါင်းခြောက်ဆယ် ထပ်မံခွင့်ပြုခြင်း စသောနည်းလမ်းနှစ်မျိုး ရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက ရက်ပေါင်း ၆၀ သက်တမ်းထပ်တိုးရန် ကိုသာ အတည်ပြုခဲ့ ခြင်းဖြစ်သည်။